part 1

84 5 3
                                    

"အမေ့၊ သားကိုကယ်ပါ၊ အဟင့်.... အမေ့"

Ring Ring📳

ဟင်!!

ဖုန်းသံကြောင့် အိမ်မက်ဆိုးမက်နေသည့် လေပြေသွေးမှာ အိပ်ရာပေါ်မှ ကယောင်ကတမ်း ထထိုင်လိုက်သည်။
ပါးပြင်ထက်ရှိ မျက်ရည်စများအား လက်ဖြင့် ခပ်ကြမ်းကြမ်းသုတ်ဖယ်ပစ်သည်။
ထို့နောက်တော့ အဆက်မပြက်မြည်နေသည့် ဖုန်းလေးအား လှမ်းကိုင်‌ရတော့သည်။

"ဟယ်လို....."

"အေး၊ ငါမင်းသူ"

"အေး.... ပြောလေမင်းသူ"

"မနက်ဖြန်အတွက်အဆင်သင့်ပြင်ထားတော့လို့၊ ကျောင်းကိစ္စကအကုန်ငါစီစဉ်ပေးပြီးပြီ၊ အဲ့ဒါ မနက်ဖြန်ကျောင်းစတက်လို့ရပြီလို့၊ လှမ်းပြောတာ"

"အေးအေး၊ ကျေးဇူးအများကြီးတင်ပါတယ်မင်းသူ"

"မလိုပါဘူးကွာ၊ ပြောစရာလူတွေမှမဟုတ်တာ၊ ဒါနဲ့..... အသံကမကောင်းပါလား၊ အိမ်မက်ဆိုးတွေမက်ပြန်ပြီလား"

လေပြေ့အကြောင်းအားလုံးကိုသိနေသည့် မင်းသူထက်မှာ လေပြေအသံလေးမကောင်းသည်နှင့် စိတ်ပူတကြီးတန်းမေးတော့သည်။

"အင်း...."

"ပြီးတာတွေကပြီးသွားပါပြီကွာ.... အဲ့လောက်ထိမစွဲထားနဲ့၊ ရှေ့ဆက်ရမယ့်အနာဂတ်ကိုဘဲတွေး၊ အတိတ်ကိုမတွေးနဲ့တော့၊ ကြားလားလေပြေ"

"အေးပါ"

"အေးအေး၊ ဒါဆိုဆက်အိပ်လိုက်အုံး၊ ဒါနဲ့၊ မနက်ဖြန်ငါလာခေါ်ပေးမယ်နော်"

"ရပါတယ်၊ အိမ်မှာစက်ဘီးရှိတယ်"

"ဟာ..... တက္ကသိုလ်စတက်တဲ့ရက်မှာ၊ စက်ဘီးကြီးနဲ့‌သွားမလို့လား၊ ဘယ်ဖြစ်မလဲ၊ ငါလာခေါ်မယ်၊ အိမ်မှာဘဲစောင့်နေ"

"ဒါပေမယ့်"

"ဘာမှထပ်မပြောနဲ့တော့၊ အိမ်မှာစောင့်နေဒါဘဲ"

ပြောပြ‌ီးသည်နှင့် ဖုန်းချသွားသည့် သူငယ်ချင်းကြောင့် လေပြေပြုံးမိသည်။
အကူအညီလိုတိုင်း၊ ဖေးမကူညီပေးခဲ့သည့် သူငယ်ချင်းဖြစ်သူမင်းသူအား၊ လေပြေအတော်လေးသံယောဇဉ်ရှိသည်။ မိခင်ဖြစ်သူဆုံးပါးပြီးသည့်နောက်၊ လေပြေမှာ တစ်ယောက်ထဲဖြစ်သွားကာ၊ မင်းသူကိုသာ အားကိုးခဲ့ရသည်လေ။
မင်းသူဟာသူ့ဘဝအတွက် ဖခင်တစ်ယောက်လိုအစ်ကိုကြီးတစ်ယောက်လို၊ တစ်ကယ်ကိုတန်းဖိုးထားသင့်သည့်သူပင်။

လေပြေသွေးလို့အေးစေWhere stories live. Discover now