Part 2

23 2 0
                                    

"ကျောင်းတက်တာတောင် တစ်ပတ်ရှိနေပြီ၊ သတင်းထူးလဲမကြားရဘူး"

သုတ ပျင်းတိပျင်းရွယ်ဖြင့်ဆိုလာသည်။

"ဟုတ်တယ်၊ မနှစ်ကဆိုကျောင်းစဖွင့်တာနဲ့၊ ဆရာမလေးတွေရဲ့သတင်းတွေကော၊ ဆရာနဲ့ကျောင်းသားနဲ့တွဲတယ်ဆိုတဲ့သတင်းတွေကော၊ စုံနေတာဘဲ"

"ဒါနဲ့၊ မနှစ်ကအဲ့ဆရာနဲ့ကျောင်းသားနဲ့တွဲတယ်ဆိုတာတစ်ကယ်လား"

သုတ မယုံသလို မျက်နှာဘေးဖြင့် မေးလိုက်သည်။

"တစ်ကယ်ပေါ့ဟ၊ ငါတို့ကိုယ်တိုင်မျက်လုံးနဲ့မြင်ခဲ့ရတာ၊ နော်.... ရောင်နီ"

ညီသစ်ရဲ့အပြောအား ရောင်နီခေါင်းငြိမ့်ပြကာ ထောက်ခံလိုက်သည်။

"ဒါပေမယ့်၊ အဲ့ဒါကြီးကနည်းနည်းမဟုတ်သလိုဘဲနော်"

"ဘာကိုမဟုတ်တာလဲ"

"မင်းတို့စဉ်းစားကြည့်လေ၊ ယောင်္ကျားချင်းကြီးကိုမှ၊ ဆရာနဲ့တပည့်နဲ့ဆိုတော့၊ နည်းနည်းလွှဲနေသလားလို့"

"လူကရွှေးတာမှမဟုတ်တာ၊ နှလုံးသားကရွှေးလိုက်တာလေ၊ ဘာလုပ်နိုင်မှာမို့လို့လဲ"

အမယ်.....

ညီသစ်စကားကို သူငယ်ချင်းဖြစ်သူများက အံ့ဩသည့်ပုံစံလုပ်ပြကာ စနေကြသည်။

"ဟိတ်ကောင်တွေ၊ သတင်းထူး"

သူငယ်ချင်းအုပ်စုဝိုင်းထဲသို့ အပြေးလေးဝင်လာသည့် စိုင်းဝမ်း။

"ဘာသတင်းလဲ"

"လောင်းကစား"

ဟမ်!!

သုံးယောက်လုံးမှာ နားမလည်သလိုနှင့် စိုင်းဝမ်အားကြည့်လာကြသည်။

"ဒီလို..... အခုလောင်းကစားက၊ လူကိုလောင်းမယ့်ဟာ"

"ရူးနေတာလားစိုင်းဝမ်၊ ဆေးမသောက်ရသေးဘူးလား"

သုတမှဆိုလာခြင်းပေ။

"ငါပြောတာကိုဆုံးအောင်နာ‌းထောင်အုံး၊ အခု First yearမှာ တော်တော်လေး၊ popularဖြစ်နေတဲ့တစ်ယောက်ရှိတယ်၊ အဲ့တာ သူနဲ့သူငယ်ချင်းဖြစ်အောင်လုပ်နိုင်ခဲ့ရင်၊ ပိုက်ဆံ၂သိန်းရမယ်၊ လောင်းရမှာက ၃သောင်း၊ ဒါထက်၊ ရည်းစားဖြစ်နိုင်ခဲ့ရင်၊ ၃သိန်းရမယ်၊ လောင်းရမှာက ၅သောင်း၊ နောက်ဆုံးက သူနဲ့လက်ထပ်နိုင်ခဲ့ရင်"

You've reached the end of published parts.

⏰ Last updated: Jan 26 ⏰

Add this story to your Library to get notified about new parts!

လေပြေသွေးလို့အေးစေWhere stories live. Discover now