delusional။
Non of it was realit was all an illusion
_____________________
"၁၀နာရီ၁၀မိနစ်..၁၀နာရီ၁၀မိနစ်.."
တစ်ယောက်ထဲတတွတ်တွတ်ရေရင်းစိတ်ရှည်လက်ရှည်စောင့်နေပေမယ့်10နာရီ10မိနစ်လည်းရောက်ရော အ၀င်ကောလ်လေးရောက်မလာတာကြောင့်geminiက စားပွဲပေါ်ခေါင်းမှောက်လိုက်တော့သည်။
နောက်ထပ်တစ်နာရီထပ်စောင့်ရဦးမည်တဲ့လေ။စိတ်ထဲညည်းညူလိုက်ရင်း နံရံပေါ်ကနာရီကိုgeminiကလှမ်းကြည့်၏။
မနက်စာမစားရသေးသည်ကိုသတိထားမိပြီးသည့်နောက်မှာ အသင့်စားခေါက်ဆွဲဘူးတစ်ခုအားဆွဲယူရင်း ရေနွေးစိမ်၍ တစ်ယောက်ထဲငုတ်တုတ်ထိုင်နေတော့သည်။
"ခြောက်ကပ်လိုက်တာ.."
တစ်ယောက်ထဲနေထိုင်လာခဲ့သည်ကိုအသားကျပြီဟုgemini ကထင်ခဲ့ပေမယ့်တစ်ကယ်တမ်းကြမဟုတ်မှန်းသူ့အသံလေးကြားမှသတိထားမိလာခဲ့၏။
တစ်ကယ်တော့fourthဆုံးသွားပြီးကတည်းကgeminiစီမှာ အဆင်ပြေတာဘာမှမရှိခဲ့ပေ။အိမ်တွင်းရေးရော။စိတ်ပိုင်းဆိုင်ရာရောပေါ့။
သူဟာဟင်းမချက်တတ်ဘူး။အ၀တ်လျှော်စက်ထဲလည်းဆပ်ပြာတွေချိန်စပြီးမထည့်တတ်ဘူး။necktieကိုလည်းတစ်ယောက်ထဲစည်းနိုင်အောင်အချိန်ယူခဲ့ရပြီး over timeတွေ အလွန်အကျွံမဆင်းမိဖို့ဂရုစိုက်ရတယ်။
တစ်ခါတစ်ရံစိတ်ထွက်ပေါက်ရအောင်ဆေးလိပ်သောက်တတ်ပေမယ့် တစ်ခါသောက်ပြီးရင်လဲ တစ်ဗူးလုံးနီးပါးသောက်မိတတ်သလို တစ်ညလုံးလဲမအိပ်ပဲနေတတ်ပြန်သည်။
သူမရှိပဲရှင်သန်ရတဲ့geminiရဲ့ဘ၀ဟာသိပ်ကိုခြောက်ကပ်လွန်းလှသည်။
ဒါကြောင့်အခုအခြေအနေကလဲ လက်တွေ့လားစိတ်ကူးလားgeminiကမခွဲခြားတတ်ပေ။သူ့အဖြစ်ဟာfourthမရှိတော့ထဲကယဉ်ယဉ်လေးရူးသွားခဲ့တာကြောင့်။
ထူးထူးဆန်းဆန်း2017ကိုဖုန်းတစ်ကောလ်ရောက်သွားပြီးတဲ့နောက်မှာ geminiရဲ့ကံကြမ္မာကအနည်းငယ်တော့ပြောင်းလဲလာသည်။
YOU ARE READING
「Hold me tight mon amour」(geminifourth ff✅)
FanfictionSame man: different time Fanfiction Main characters-Geminifourth Total chapter-6 Hope you guys enjoy this 💓