အပိုင်း၁၁

527 47 18
                                    

Uni

     အေးစက်စက်အခန်းငယ်လေးထဲကလေထုထဲမှာဆေးလိပ်ငွေ့တွေကများပြားစွာလွင့်မြောနေလေသည်။နံရံမှာတည်ရှိနေတဲ့ပန်းချီကားကြီးကိုတမေ့တမောလူတစ်ယောက်ကခုံဖြင့်ထိုင်ကာဇိမ်ကျကျကြည့်နေလေသည်။ထိုလူဟာလဲတစ်ခြားမဟုတ် ထွန်းလင်းမောင်သာဖြစ်သည်။

" ဟက်!! အချစ်ရယ် ကိုယ်ပြန်လာတဲ့အထိတောင်မစောင့်နိုင်တော့ဘူးလား ဘာလို့အချိန်နည်းနည်းလေးတောင်မစောင့်ပေးရတာလဲကွာ "

    ထွန်းလင်းမောင်ကဆေးလိပ်အားဖွာရင်းသူ့ရှေ့ကနံရံမှာကပ်ထားတဲ့ပုံဓာတ်ပုံကားချက်ကြီစအားကြည့်ကာခပ်ဆွေးဆွေးဆိုလာလေသည်။ထိုပုံဟာလူတစ်ယောက်ပုံဖြစ်ပြီး လွန်ခဲ့တဲ့နှစ်၁၉၈၀လောက်ကယောကျာ်းတစ်ယောက်ရဲ့ပုံသာဖြစ်သည်။

    ဓာတ်ပုံကအဖြူနဲ့အမည်းဖြစ်နေကာ ပုံထဲကကောင်လေးကအတော်လေးချောမောကာအသက်လည်းငယ်မည့်ပုံပေါ်သည်။ထိုကောင်လေးကိုဘာလို့ထွန်းလင်းမောင်က စောင့်ရမည့်စကားတွေပြောနေရတာလဲ။

" ကိုယ်နဲ့အချစ်ကလဲလောကမတူလို့ဝေးခဲ့ရတယ် အဲ့အတွက် ဟိုကောင်နဲ့ပိုင်ပိုင်ကလဲသေချာပေါက်ကိုယ်တို့လိုဝေးရမှာ...တစ်ယောက်ကသူ့နေရာသူပြန်ရောက်သွားမယ် ကျန်တစ်ယောက်ကတော့ဝမ်းနည်းမှု့တွေနဲ့ကျန်ရစ်ရပြီး နောက်ဆုံး....သေဆုံးရမယ်။ "

     တိတ်ဆိတ်လွန်းတဲ့အခန်းထဲထွန်းလင်းမောင်ရဲ့အသံကအတော်လေးကြောက်ချမ်းဖို့ကောင်းလွန်းလျသည်။သူပြောနေတဲ့အကြောင်းအရင်းကဘာမှန်းမသိပေမဲ့ ကြည့်ရတာ ရိုးစွေတို့အတွက်မကောင်းတာတစ်ခုခုဖြစ်နေလိမ့်မည်။
.
.
.
" ချစ်သူအတွက်လက်ဆောင်ပေးဖို့ ချည်ထိုးပန်းလေးတွေရမယ်နော်။ "

" ဒီချည်ထိုးနှင်းဆီဖြူလေးတစ်ပွင့်ပေးပါဗျ "

" 3000ကျပါတယ် ကျေးဇူးတင်ပါတယ်။ "

   ပိုင်ပိုင်နဲ့ရိုးစွေနှစ်ယောက်သားလျှောက်လည်ရင်း ချည်ထိုးပန်းလေးတွေရောင်းတဲ့ဆိုင်တွေ့တာကြောင့်ပိုင်ပိုင်ကချည်ထိုးပန်းနှင်းဆီဖြူလေးအားတစ်ပွင့်ဝယ်လာလေသည်။

အချစ်နေ့စွဲ ရက်၂၀ (Completed) Where stories live. Discover now