ကျယ်ပြောလှသော ပင်လယ်ကြီးဝယ် ရွက်ဖျင်ကို
တဖက်ဖက် တိုက်ခတ်နေသော လေရိုင်း များ
ကြောင့် အလိုရှိရာ ခရီးကို ရွက်လွှင့် နေ၏ ။များစွာလှသော စစ်သည်များဖြင့် မိမိတို့ အိုးအိမ်စည်းစိမ်း
များကို မကြာမကြာ လာရောက် ဖျက်ဆီးလေ့ရှိသော လူတစ်ပိုင်း ငှက်တစ်ပိုင်း အကောင် များအား နှိမ်နင်းဖို့ စေလွှတ်ခံရခြင်း ဖြစ်သည် ။ဘယ်နေရာ ဘယ်ဒေသ ဟူ၍ အတည်တကျ မရှိပါဘဲ တွေ့သည့်နေရာတွင် သတိကြီးကြီး ထားပြီး ရှင်း လင်းသုတ်သင်ရမှာ ဖြစ်သည် ။
'ဝှီး.....ဝှီး.....ဝှီး....'
ကောင်ကင်ထက် တဖက်ဖက် ခတ်ကာ အတောင်ပံများဖြင့် ပျံသန်းလာေသာ အကောင်များသည် လူတစ်ပိုင်း ငှက်တစ်ပိုင်း အကောင်များ ဖြစ်သည် ။
တစ်စ ၊ တစ်စ များ များ လာသည်နှင့် သတိအနေထား ကပ်ကာ ထယ်ယောင်း လည်း မိမိလက်စွဲတော်ဓား အား ဆွဲကိုင်လိုက်၏ ။'ချွမ်....ချွမ်....ချွမ် '
လူအများ ရုန်းရင်း ဆန်ခတ် ဖြစ်နေကြကာ အပြိုင်အလှန် တိုက်ခတ်နေကြ၏ ။
ထယ်ယောင်းအနား ပြေးဝင်လာသည်မို့ ရှောင်လိုက်၏ ။ တစ်ဖန် ဓားအား လေထဲ မြှောက်ကာ မိမိရှေ့က အကောင်အား လွှဲ ချလိုက်၏ ။
' ဘုန်း '
အနောက်မှ တုတ်နဲ့ ရိုက်လိုက်သည်မို့ ကိုယ်ဟန်ချက်ပျက်ကာ အရှေ့ ယိုင်သွား၏ ။ ယိုင်ချက် ပြန်ထိန်းကာ လွှဲရိုက်လာတဲ့ တုတ်ချက်ကို ရှောင်ရင်း ဓားဖြင့် ဆွဲထိုးလိုက်၏ ။
'ချွမ်....ချွမ်...ချွမ် '
တိုက်ခိုက်ချိန် ကြာလာသည်နှင့် အမျှ လူများလည်း လက်ပန်း ကျလာ၏ ။
' ချွမ်....ချွမ်....ချွမ် '
'ဒုတ် '....'အ့'
ပြင်းထန်သော အရှိန်နှင့် အတူ မြှားတစ်စင်း ရင်ဘတ်အား လာစိုက်၏ ။ မြှားသည် အဆိပ် လူး ထားသည့်အလား ထယ်ယောင်း မျက်လုံးတို့ မှေးကျဉ်း လာ၏ ။ ကိုယ်ခန္ဓာလည်း လေးလံကာ လူလည်း နှေးကွေး လာ၏ ။ သူ အခု....အိပ် ချင် နေ ပြီ ...... ။
****
" အရှင် ဗီးနပ်စ် က ' သူ့ကို အရှင် ခေါ်ခဲ့ဖို့ မှာလိုက်တယ် ' ။ "