မှောင်ရီ ဝေမှိုင်း သော မြူခိုးများကြား တရွေ့ရွေ့ နဲ့ ရွက်လှေ တစ်စင်းဟာ ရွက်လွင့်လို့ လာခဲ့၏ ။
တဖြည်းဖြည်း နီးကပ်လာသော ကျွန်းကြီးကို ကမ်းကပ်ကာ ရိက္ခာများကို ရွက်လှေမှ အောက်သို့ သယ်ပိုးနေကြ၏ ။
ခေါင်းဆောင် ကိုးစ်သည် ကမ်းကပ်သည် နှင့် အရှင့်ဆီ သွားရောက်ကာ လျှောက်တင်ရ၏ ။
J ကျွန်း၏ အရှင့်နန်းဆောင်ထဲ ဝင်သည်နှင့် ရွှေရောင် တဖိတ်ဖိတ် တောက်သည့် ရှုမောဖွယ် နံရံဆေးရေး များအား မြင်ရ၏ ။ နန်းဆောင်၏ ပလ္လင် နားဝယ် ခေါက်တုံ့ ၊ ခေါက်ပြန် လျှောက်နေသည့် အရှင့်ကြောင့် ....
" အရှင် ဗီးနပ်စ် "
ကိုးစ် ၏ အသံကို ကြားသည်နှင့် လျှောက်လမ်းနေသော ခြေထောက်များ ရပ်ဆိုင်းသွား၏ ။
" မင်းသားငယ်....ပါ လာ လား "
စိတ်လှုပ်ရှားနေသည့်အလား...အသံ တစ်လုံးချင်း ထွက်ကာ မေးနေသည့် အရှင့်ကြောင့် ကိုးစ် အံ့အားသင့်နေ၏ ။
" ဟုတ်ကဲ့ ....ကျွန်ုပ်တို့ ဆေးအပ်မြှား ပစ်ပြီး ဖမ်းခေါ်လာပါတယ် အရှင် "
" ကောင်းပြီ ၊ သူ့ကို အကျဉ်းထောင်ကို ခေါ်သွားချေ "
"ခင်ဗျာ.."
အရှင် ဗီးနပ်စ် ၏ အပြောကြောင့် ကိုးစ် တစ်ယောက် ကြောင်တောင်တောင် နိုင်သွားရ၏။ သူတို့ဆီမှာ အကျဉ်းထောင်ဟူ၍ တသမတ်တည်း သတ်မှတ်ထားသည် မရှိ ။ ဘာလို့ဆို လူသားတွေကို ဖမ်းခေါ်သည်ဟူ၍ မရှိ ၊ တွေ့သည်နှင့် သတ်ပစ်သည်က များသည် ။
" တို့ဆီမှာ အကျဉ်းထောင်မှ မရှိတာပဲ "
"ဟုတ်ကဲ့ "
ပလ္လင်ပေါ်မှ ဆင်းလာတဲ့ အရှင့်ကြောင့် အရှင်နဲ့ တန်းတူ မရပ်ဝံ့သည်မို့ ကိုးစ် ချက်ချင်း ဒူးထောက်လိုက်၏ ။
"ဒါဆို သူ့ကို အနောက်ဆောင်ကို ပို့လိုက်ချေ "
အရှင်ဗီးနပ်စ် ၏ အမိန့်ကြောင့် ကိုးစ် တစ်ယောက် ခေါင်း ထောင်မိ၏ ။
" ဒါပင်မဲ့ အရှင် ၊ သူက လူလေ ... ဘာလိုဖြစ်ပြီး အရှင့်ရဲ့ မိဖုရားနန်းဆောင်ဆီကို- "