Intro

43 4 2
                                    

Crushဆိုတာဘာလဲ?
မင်းတို့သိလား
မင်းတို့အတွက်တော့မသိဘူး ငါ့အတွက်တော့
အင်း.............ဘယ်တော့မှ ပိုင်ဆိုင် ခွင့်မရှိတဲ့အရာဘဲ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"အား!!!!!!!!! နောက်ကျနေပြီ...နောက်ကျနေပြီ"

ကျယ်လောင်စွာအော်ဟစ်ရင်းဖြင့် အပေါ်ထပ်မှ
ကမူးတိုးရိုး ပြေးဆင်းလာသော ရှင်းသန့်လင်း

ညကalam ချထားသော်လဲ silent လုပ်မိထားသောမိမိအဖြစ်.........ပထမဆုံးကျောင်းတက်ရက်မို့ ရှိုးစမိုးနဲ့ သွားမယ်လို့တွေးထားကာမှ

"ဟဲ့ ဟဲ့...ဘယ်လိုဖြစ်နေတာလဲ...
စောစောတော့မထဘဲ ခုမပြာယာခတ်နေတယ်"

ထမင်းစားခန်းထဲက မေ့မေ့အသံထွက်လာသည်
*ဟွန့်....သူများကို နိုးတော့နိုးမပေးဘဲနဲ့*
စိတ်ထဲမှ ပြောရင်း ထမင်းစားခန်းထဲပြေး၀င်ကာ
မနက်စာမုန့်ကို အတင်းထိုးသွပ်နေမိသည်။

"ဟဲ့ ဖြေးဖြေးစား နင်မယ်
ကျောင်းကိုက မေမေလိုက်ပို့ပေးရမလား
ကိုယ့်ဘာသာကို သွားမှာလား"

"ရတယ်မေမေ သား ဘာသာ သားသွားလိုက်မယ်"

"အေး..အေး..ပြီးတာပဲ
သားက မနှစ်ကမှကျောင်းပြောင်းလာတာနော်..
အရမ်းကြီးမရဲနဲ့.....ကြားလား..."

"အွန်း......ပါမေမေရယ်
သားကိုကလေးများမှတ်နေလား
သားအသက်၁၇ပြည့်တော့မှာပါ မေမေရဲ့"

"အေးပါဟယ် မေမေကသားကိုစိုးရိမ်လို့ပြောတာ
နင်ကပါးစပ်အရမ်းသရမ်းတတ်လို့"

"ဟုတ်ကဲ့ပါ ဒေါ်ထားစံရယ်
ခုတော့ ကျွန်တော့ကို မုန့်ဖိုးလေး
ဟဲ. ဟဲ"

ဒေါ်ထားစံ သူမ၏ပိုက်ဆံအိတ်ထဲမှ ငါးထောင်တန်သုံးရွက်ထုတ်ပေးလိုက်သည်

"မြန်မြန်စားတော့လေ.
ခုနကတော့. အသဲအသန်ကြီးဖြစ်နေပြီးတော့"

"ဟာ!! ဟုတ်သားဘဲ
မေ့နေတာ. အား!!!!သွားပါပြီး၁၀မိနစ်ဘဲလိုတော့တယ်"

လက်ကျန်မုန့်ကို ပါးစပ်ထဲအပြည့်ထည့်ပြီး
ကျောပိုးအိတ်ကောက်လွယ်ကာ
အိမ်ထဲမှပြေးထွက်ခဲ့တော့သည်။

"ဟဲ့ကောင်လေး
ဆိုင်ကယ်ကိုဖြေးဖြေးမောင်းနော်"

အနောက်မှ မေ့မေ့အသံကိုကြားသော်လဲ ပြန်မဖြေနိုင် ကျောင်ရောက်ဖို့သာ အရေးကြီးသည်မို့
ဆိုင်ကယ်ကိုမြန်မြန်မောင်းပြီး ကျောင်းသို့သာအသော့နှင်ရသည်

System MomoWhere stories live. Discover now