မှောင်မည်းပြီး တိတ်ဆိတ်နေတဲ့ အခန်းကျယ်ကြီးထဲ အလင်းအရောင်ဟူ၍ တစ်စက်ကယ်မျှမရှိ။
"မေမေ ၊ဖေဖေ သားကိုမထားခဲ့ပါနဲ့ သားကြောက်လို့ပါ "
မျက်လုံးအိမ်မှ မျက်ရည်လေးများ ရေကာတာ ကျိုးကျပြီး ရေများအဆက်မပြတ် စီးသလို ကျဆင်းလာသည်။
ထိုမျက်ရည်များကြောင့် လွမ်းရိပ်နှောင်းတစ်ယောက် မျက်လုံးလေးကို အနည်းငယ်မျှ ဖွင့်ကြည့်ရန်ကြိုးစားနေသည်။
မျက်လုံးလေးဖွင့်ရပေမယ့် မျက်ရည်များကြောင့် အမှောင်ထုကို ဝိုးတိုးဝါးသားသာ မြင်နေရသည်။
ခန္ဓာကိုယ်တစ်ခုလုံးလည်း နာကျည်နေပြီး လှုပ်ရှားရန်ပင် ခက်ခဲလှသည်။
ကျန်ရှိနေသေးတဲ့ အား နဲ့ လက်ကလေးကို မပြီး မျက်လုံးအိမ်မှ ကျဆင်းနေတဲ့ မျက်ရည်လေးတွေကို ကြိုးစားပြီးသုတ်မိသည်။
မျက်လုံးက မျက်ရည်များသုတ်ပြီး အမှောင်ထုကို ကောင်းစွာမြင်ရသည်။
*မေမေနဲ့ ဖေဖေ သားကို ဒီတိုင်းတစ်ယောက်တည်းပစ်ထား ကြတယ် ဟွန့် သားခုအရမ်းပင်ပန်းတယ် ။
သားကို ဘာလို့ ပစ်သွားကြတာလည်း သားမှာ ဘာအပစ်ရှိလို့လည်း *
သုတ်ထားတဲ့ မျက်လုံးအိမ်မှ မျက်ရည်များ ပြန်ကျလာပြီး တိတ်ဆိတ်နေတဲ့ အမှောင်ခန်းထဲ လွမ်းရိပ်ရဲ့ ရှိုက်သံမှအပ အပ်ကျသံပင်မကြားရ။
ခနအကြာ အလင်းတန်းလေးတစ်ခု ရောက်လာပြီး လွမ်းရိပ် ပျော်သွားပေမယ့်
"ရော့ ဒီမှာစား မြန်မြန်စား နောက်ခါ ဒီလို ဖြစ်လို့ကတော့ မင်းကို ဒီထဲမှာ တစ်သက်လုံး ပိတ်ထားမယ် ကြား
လား "
ဒေါ် ထိတ်ထား တစ်ယောက် ကောင်ထက် လဲနေသည့် ဘေးနား ထမင်းခွက်ကို ပစ်ချကာ တံခါးပိတ်ပီး ထွက်သွားလေရဲ့။
လွမ်းရိပ်လည်း နံရံကိုအားပြုကာ မှီချလိုက်သည်။
ဒေါ်ထိပ်ထားတစ်ယောက် ချပေးထားခဲ့တဲ့ ထမင်းပန်းကန်ထဲ ငရုပ်သီးမုန့်ကို ထမင်းနဲ့နယ်ပြီး ရေထဲ့ထားတဲ့ ခွက်ကို ကောက်ကိုင်ပြီး မျက်ရည်ကျ မိသည်။
YOU ARE READING
🌏ကိုယ့်ရဲ့ကမ္ဘာငယ်လေး🌏
Action"ထမင်းကိုကုန်အောင် မစားဘူး ဘာလည်းနင်က ဖျက်လိုဖျက်ဆီးလုပ်တာလား " "မဟုတ်ရပါဘူး မေမေ သား မစားနိုင်လို့ပါ"