*ရှင့်ကိုယ် ရှင် သိပ် ဟုတ်လှပြီ လို့ထင်နေလား ဦးဇေယျာနိုင် ဟင်းးး *
လေယာဉ်ပေါ် ထိုင်ရင်း တွေးပီး မချိပြုံး ပြုံနေလိုက်သည်။
"သခင်ကြီး ဒေါ် ထိပ်ထား မရှိတော့ဘူး "
"တောက် !!!! သိပ်ကို လည်နေပါလား ဘယ်ချိန်ထိ ပုန်းနေမလဲ ကြည့်ကြသေးတာပေါ့ "
ဖုန်းချပြီး အခန်းထဲဝင်လာတော့ ကလေးငယ် မှာ ငြိမ်လျက်သား .......
###################################
လူနာ ဆေးစစ်ဖို့အခန်းထဲ ဝင်လာတော့ သုတမှာ ပါးလေးချိုင့်ဝင်နေအောင် ရီလိုက်သောကြောင့် ဂုဏ်မာန်ခုန်ရပါသည်။
အသာလေးတံခါးဖွင့်ဝင်ရင်း စကားဝင်ပြောလိုက်တော့ ထိုကောင်လေးမှာ ဘုကန့်လန့် ပြန်ပြောနေပြန်ပါပီ နုတ်ခမ်းသေးသေးလေးမှာလဲ မုန့်တေ ပေနေလေသေးသည်။
" အဟမ့် လူနာ ကုတင်ပေါ်မှာ မုန့်စားလို့မရဘူးနော် "
"............"
သုတ မျက်စောင်းထိုးကာ မုန့်ကို ဘီရိုထဲထည့်ပြီး ထိုင်ခုံမှာ လှည့်ထိုင်နေလိုက်သည်။
"ခ်ခ်ခ်"
"ခင်များ ဘာရယ်တာလဲ "
"မရယ်ပါဘူး နော် "
"ဟွန့် "
သုတပြုမူနေတဲ့အမူအရာကိုကြည့်ပြီး ပြုံးရင် ရှေ့က လူနာကို စမ်းသပ်ကာ............
"ကောင်လေး တစ်ရက်နှစ်ရက်ဆိုရင် ဆေးရုံကဆင်း လို့ရပြီနော် ကံကောင်းတာက အချိန်မှီဆေးရုံရောက်လာတာရယ် နောက်ပြီး ကျည်က နှလုံးတည့်တည့်ကို ထိုးဖောက်သွားတာမဟုတ်ဘဲ အပေါ်ဘက်ကို ချော်သွားလို့ မဟုတ်ရင် မလွယ်ဘူး "
"ဆရာဝန်ကလဲ လူနာကို ဖြဲခြောက်နေတယ် ......"
"သောဗျာ ကိုယ်က သိအောင်နားလည်အောင်ရှင်းပြတာလေ သုသုက ဘာလိုပြောပြစေချင်လို့လဲ"
"............."
သုတပြောသည်မှ သတိထားမိကာ ကုတင်ပေါ်က ကောင်ငယ်လေးအားကြည့်မိတော့ ကြောက်လွန်း၍ထင်သည် ငိုနေလေသည်။
"အာ.......ဟေ့ဟေ့ ကောင်လေး ကိုယ်ပြောတာက သက်သာသွားပီ နော် ခုဘာမှမဖြစ်တော့ဘူး"
YOU ARE READING
🌏ကိုယ့်ရဲ့ကမ္ဘာငယ်လေး🌏
Action"ထမင်းကိုကုန်အောင် မစားဘူး ဘာလည်းနင်က ဖျက်လိုဖျက်ဆီးလုပ်တာလား " "မဟုတ်ရပါဘူး မေမေ သား မစားနိုင်လို့ပါ"