🌏ကိုယ့်ရဲ့ ကမ္ဘာငယ်လေး🌏
အပိုင်း_၆🍁
"ဟင် .......ဟိုကောင်လေး .....အကုန်လုံး လက်နက်ချ သူ့ကို ထူလိုက် ......"
ရှေ့မှ ရုတ်တရက်လဲကျသွားတဲ့ ကောင်လေးအား တွဲထူခိုင်းလိုက်ပြီး...
"ဂျွန် အဲ့တာ ဘယ်သူလဲ "
ကြောက်နေတဲ့ပုံစံဖြင့် မေးလာသော သုတအား ဂျွန် ကြည့်ကာ ....
"အဲ့တာ ဟိုနေ့က သခင်လေး ဆေးရုံတင်ေပး......"
သုတတစ်ယောက် ဟိုနေ့ကမှ သူဝယ်လာတဲ့ ဟူဒီနဲ့ဘောင်ဘီလေးအား မှတ်မိနေလေသည် ။
"နေအုံး အဲ့တာ သုသုဝယ်ခဲ့တဲ့ အင်္ကျီမလား သွေးတွေနဲ့ ဟမ် လွမ်းရိပ် ....."
သုတ ခနမျှ မင်သက်သွားပြီး
"ဂျွန် ကားပေါ် တက် မြန်မြန် သုသုဘေးကိုတင် ဆေးရုံမြန်မြန်မောင်း "
"ဟုတ် သခင်လေး သခင်လေးရှေ့မှာ ထိုင် ......"
"သုသုရတယ်.....လွမ်းရိပ်နဲ့ဘဲထိုင်မယ် ...... "
"ဟုတ် ရှေ့က လမ်းရှင်းမယ် ကျန်တဲ့သူ ခပ် ဝေးဝေးကလိုက်ပါ "
ဘယ်ချိန်ကတည်းက ပါလာသည်မသိ........
ဂျွန် ပြောပြီးချက်ချင်းဘဲ ရှေ့က ဆိုင်ကယ်နှစ်စီး လမ်းရှင်းပြီး နောက်မှ ကားများလိုက်ပါလာလေသည်။
သုတစွမ်း တစ်ယောက် မိမိ လက်ထဲမှ သွေးတွေနဲ့ နောက်ပီး အေးစက်နေတဲ့ ခန္ဓာကိုယ်ကို ကြည့်ရင်း အနွေးရရန် ကားထဲမှ ပါလာသော စောင်ပါးနဲ့ အုပ်ပြီး ဖက်ထားမိသည်။
နောက်မှ စိတ်ကူးရလာပြီး ဖုန်းကိုကိုင်ကာ အတ္တဆီ ဖုန်းခေါ်ကာ.......
"တီ...တီ...ဟလို ကိုကြီး...."
"သုသု ဘာဖြစ်လို့လဲ ဟင် ဘာအဆင်မပြေ ဖြစ်လို့လဲ "
"ကိုကြီး ......ကိုကြီး သူငယ်ချင်းကို ဖုန်းဆက်ပေး ပါလား"
"ဘယ်သူလဲ "
"ဟို ဦးဂုဏ်မာန်ခကိုေလ ဆေးရုံမှာတွေ့တဲ့ တစ်ယောက်"
"ဘာဖြစ်လို့လဲ ဟင် သုသု ကိုကြီးကိုပြော ကိုကြီးစိတ်ပူနေပြီ သုသုအခုဘယ်မှာလဲ"
YOU ARE READING
🌏ကိုယ့်ရဲ့ကမ္ဘာငယ်လေး🌏
Action"ထမင်းကိုကုန်အောင် မစားဘူး ဘာလည်းနင်က ဖျက်လိုဖျက်ဆီးလုပ်တာလား " "မဟုတ်ရပါဘူး မေမေ သား မစားနိုင်လို့ပါ"