chapter 25 (U±Z)

8K 292 7
                                    

Unicode

"အဟွတ်!ဟွတ်!"

ဆေးရုံပီပီ ချောင်း‌ဆိုး‌နေကြသူများ၊ကလေးငိုသံများက ဖုံးလွှမ်းနေသည်။ဆရာဝန်များနှင့်သူနာပြုများကလည်း ကိုယ့်အလုပ်ကိုခေါင်းစိုက်နေကြရသည်။မာဗင်သည် ဝတ်နေကြall blackနဲ့သာဆေးရုံ အတွင်းသေနတ် တစ်လက်နဲ့ လျှောက်ပတ်သွားနေရတော့သည်။

"ဟဲ့ဟဲ့ ဟိုကလူကဘယ်ကလဲ"

"ဘယ်သူလဲဟဲ့"

"ဟာနင်ကလဲ ဟိုမှာလဲသေနတ်ကြီးတစ်ကားကားနဲ့ ဆေးရုံထဲမှာကို"

"သူလား မနက်ကခွဲစိတ်ထားတဲ့လူနာနဲ့ဘာလဲမသိပါဘူးဟယ် အဲ့အခန်းထဲကိုဝင်သွားလိုက်သေနတ်ကြီးနဲ့ထွက်လာလိုက်နဲ့ သူ့ကိုယ်သူ လူဆိုးဂိုဏ်းကများမှတ်နေလားမသိပါဘူးဟယ်"

ရုရှားဘာသာစကားဖြင့် တိုးတိုးတိုးတိုး ပြောနေကြသည့် သူနာပြုလေးနှစ်ယောက်အား မာဗင်မြင်သည်။သူတို့ပြောနေသည်များကိုလည်း ကြားရပါသည်။သို့သော် အဖတ်မလုပ်ဖြစ်။ဒွန်းတို့က မ‌ရောက်သေးတာကြောင့် ဦးလေးဖြစ်သူနိုးလာလျှင် ရေဆာမည်၊ဗိုက်ဆာမည်ကို စိုးရိမ်သဖြင့် ရေသန့်ဘူးနှင့် ဆန်ပြုတ်ဝယ်ရန်ထွက်လာခြင်းဖြစ်သည်။

သေနတ်ကလည်း ကိုယ်ပေါ်တွင်လွယ်ထားပြီးသားဖြစ်သည်။မဖြုတ်ချင်တော့တာကြောင့် သေနတ်ကြီးတစ်ကားကားနှင့်သာ ဆေးရုံထဲရှိမုန့်ဆိုင်များတွင် ဟိုဆိုင်ဝင် ဒီဆိုင်ထွက်ဖြစ်နေရခြင်း ဖြစ်၏။

ထိုသူနာပြုလေးနှစ်ယောက်မှာ မာဗင်ဆန်ပြုတ်ဝယ်နေသည့် ဆိုင်၏ စားပွဲခုံတွင်ထိုင်ကာ စားကြရင်းသောက်ကြရင်း တီးတိုးပြောနေကြခြင်း ဖြစ်သည်။

"ဆန်ပြုတ်လာဝယ်ဆိုတော့ သူ့ကောင်မလေးအတွက်များလား"

"ဟဲ့နင်ပြောတော့မနက်ကခွဲစိတ်တဲ့လူနာဆို အဲ့မှာနင်မရှိဘူးလား"

"ငါ့ ဂျူတီမှမဟုတ်တာ ငါ့ဂျူတီကခဏနေမှ"

"နင့်ဂျူတီကျ အဲ့အခန်းကိုဝင်ရမှာမလား ဆေးချိတ်ပေးထားတာလဲပေးရမယ်လေ အဲ့ကြချောင်းခဲ့နော် ပြီးရင်ငါ့လာပြန်ပြော ခစ်ခစ်"

"တော်တော်ဖြစ် ကောင်မ၊သွားပြီဟေ့"

"အေး တာ့တာ"

DUN (Completed)Where stories live. Discover now