chapter 15 (U±Z)

9.3K 331 0
                                    

Unicode

ရာသီဥတုမှာသာယာပြီးကောင်းကင်ကြီးကတိမ်ကင်းစင်နေသည်မို့jetထဲမှကြည့်လျှင်ကောင်းကင်ပြာကြီးကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။မင်းမဟာဆွေသည်ကောင်းကင်ပြာကိုတစ်လှည့် ဘေးကလူတစ်ကိုယ်စာနေရာယူထားသည့်ပန်းစည်းအားတစ်လှည့်ကြည့်ရင်း စိတ်ကြည်နူးနေမိသည်။

"boss လေယာဉ်ဆင်းသက်ဖို့မိုင်80သာလိုပါ‌တော့တယ်"

"အင်း.."

မာဗင်ကcaptainနေရာတွင်ထိုင်ကာjetကိုကိုယ်တိုင်ကိုယ်ကျမောင်းနှင်နေပြီးမင်းမဟာဆွေကရှေ့ဆုံးတန်းခုံနေရာတွင်‌နေရာယူထားသည်။

လိုအပ်တာများပြောရန်လည်းနှစ်ယောက်စလုံးကနားကြပ်ကိုယ်စီဖြင့်ချိတ်ဆက်ထားသေးသည်။

"မာဗင်..."

"Yes boss!"

"ငါဒီနေ့ခံစားချက်သိပ်မကောင်းဘူး"

"ဘယ်လိုဖြစ်တာလဲboss"

"ရင်ထဲလေးနေတယ်"

"ကျွန်တော့်ကိုပြောပြနိုင်ပါတယ်boss"

"ငါပြောလည်းမင်းနားလည်မှာမဟုတ်ပါဘူးကွာ"

"Bossရေ ကျွန်တော်ကားမောင်းနေတာမဟုတ်ဘူးနော်ခံစားရအောင်မပြောပါနဲ့ဗျာ"

မင်းမဟာဆွေခဏတာငြိမ်သွားပြီးနောက်စကားပြန်စလာသည်။

"မင်းခြည်နှောင်းသာကိုကြိုက်တယ်မလား"

တစ်ဖက်ခြမ်းမှအသံကထွက်မလာ။ခဏမျှအကြာတော့တည်ငြိမ်နေသည့်အသံလေးကထွက်လာသည်။မဟာနားလည်ပါတယ်။လေယာဉ်မောင်းလျှင်စိတ်ကိုအတည်ငြိမ်ဆုံးထားနိုင်မှသာရမည်။မာဗင်ကလည်းအေးဆေးတည်ငြိမ်သည့်သူမျိုး‌မို့သာprivate jetမောင်းနည်းကိုသူသင်ပေးထားခြင်း။

"ကျွန်တော့်သူ့ကိုချစ်တာboss!!"

"မင်းကတော့ပြိုင်ဖက်ရှိနေပြီမာဗင်"

"ကျွန်တော်သိပါတယ်"

"ငါ့တူကိုလျှော့တွက်လို့မရတာမင်းသိပါတယ်"

"........"

"ချစ်တာကလွယ်တယ် ဘယ်လိုချစ်မှာလဲ သူ့ကိုဘယ်လောက်ထိကြာကြာချစ်နိုင်မလဲ ဒါကတော့ခက်ခဲလိမ့်မယ်"

DUN (Completed)Where stories live. Discover now