My Little Masternim and His Beloved IDOL

309 35 8
                                    


"တီး တောင် "

" delivery service ကပါ "

အခန်းတံခါးဖွင့်သံနှင့်အတူ ထွက်လာသော အန်တီကြီးတစ်ယောက် လက်ထဲတွင်လဲ ယောင်းမကြီးကိုင်ထားသေးသည်

"အခန်း နံပါတ် 20 က အီယုံးဘို့ရှိလား မသိဘူးခင်ဗျ"

"ဟုတ်ပါတယ် အန်တီက သူ့မေမေပါ ခုတော့ သူမရှိဘူးသားရေ ပစ္စည်းထားခဲ့လို့ရပါတယ်" 

"ဟုတ် အန်တီ အဲ့တာဆို ဒီနေရာလေးမှာ လက်မှတ်ထိုးပေးပါဦး ခင်ဗျ"

လက်မှတ်ထိုးပေးလိုက်တော့ ဒလီပို့တဲ့ ကလေးလေးက ဘေးမှာ ချထားတဲ့ ဂျပ်ဖာ ပုံးကြီးကို မနိုင်မနင်း မချလာသည်

"အဲ့ဒီ ထောင့်မှာပဲ ထားလိုက်ပါသား ရတယ် "

ဒလီသမားလေးလဲ လျှာမထွက်ရုံတမယ် ဂျပ်ဖာကြီး မ ရွှေ့ပြီးတော့ အန်တီကြီးကို နှုတ်ဆက်ပြီး ပြန်ထွက်လာခဲ့လိုက်တော့သည်

5 minutes later

"달이 이렇게 눈부시는 밤엔
လမင်းကြီးက ထိန်လင်းနေအောင် သာနေတဲ့ ညလေးတစ်ညမှာပေါ့" ringtone သံကြောင့် ယုံးဘို့တစ်ယောက် သူငယ်ချင်းနှင့် ဂိမ်းကစားနေရာကနေ အာရုံပျက်သွားလေသည်

"ဘယ်သူလဲကွာ"

"ဟ့ မားသားကြီးကွ"

(Hello မေမေ)

(အီယုံးဘို့ နင်ဘာတွေဝယ်ထားပြန်ပြီလဲ)

(ဗျာ သားဘာမှမဝယ်ပါဘူး) တကယ်တော့ ယုံးဘို့ ဗြောင်လိမ်လိုက်ခြင်းသာ မှာထားတာတွေမှ များလွန်းလို့ သူမမှတ်မိချင် အဓိကကတော့ အီယုံးဘို့က
성덕 တစ်ယောက်ဖြစ်နေခြင်းသာ ထို့ကြောင့် ဝယ်သမျှသည်လဲ ကိုယ့် idolနှင့်ပက်သက်နေသည့်အရာများသာ

(성덕 = idol ကိုအကြာကြီး စတန်းပြီး အပြင်မှာ မျက်မြင်အဲ့ဒီ အိုင်ဒေါနဲ့တွေ့ဖူးတဲ့ successful fangirl fanboy )

(မဝယ်ဘူးသာပြောတယ် ရောက်လာတဲ့ ဂျပ်ဖာက နင့်တစ်ရပ်လောက်ရှိတယ် ငါဖောက်ကြည့်လိုက်ရမလား မတော်လို့ ဗုံးတွေဘာတွေပါလာမှ)

အီယုံးဘို့ခေါင်းကို မိုးကြိုးပြစ်တာပင် အဲ့တာ Fansign try တုန်းက ဝယ်လိုက်မိတဲ့ album အချပ် ၂၀၀ လောက်ပင်ဖြစ်မည် အမေသာသိရင် အိမ်ပေါ်ကနေ ခေါင်းနှင့်သာမက အယ်ဘမ်အပုံလိုက်နှင့် ဆင်းရပေလိမ့်မည်မဟုတ်ပါလား

My Little Masternim and His beloved IDOL Where stories live. Discover now