My Little Masternim and His Beloved IDOL

155 32 4
                                    

"အီယုံးဘို့ရေ ဒီမှာကြည့်စမ်း နင်တော့ မိုးမီးလောင်ပြန်ပြီ"

ယုံးဘို့ တစ်ယောက် အနားရနေတာ သုံးရက်လောက်ရှိပြီ အတိအကျပြောရလျှင် လွန်ခဲ့တဲ့သုံးရက် Hyunjin Japan ဘက်သွားတည်းက လို့ပြောရမည် အမှန်ပင် သူလှေကားအပုပေါ်က ပြုတ်ကျပြီး အမှတ်တရတွေဖြစ်သွားတဲ့နေ့ပင်

သူငယ်ချင်းမ က ကိုယ့်ကော်ဖီဆိုင်ထဲ အူယားဖားယား
ဝင်လာပြီး ပါးစပ်ကပါ ဂါထာရွတ်လာသေးသည်

" ဘာဖြစ်ပြန်ပလဲ "

"နင် နင်လေ နင့်ကိုလေ Sasaeng တဲ့ "

"ဟမ်"

(Sasaeng fan = idol privacy ထိလိုက်နှောက်ယှက်ပြီး အစွန်းရောက်နေမှု့က ဘုရားဆင်းချွတ်တောင် ကျွတ်တမ်း
မဝင်မည့် Fan)

"ငါကဘာလုပ်နေလို့လဲ "

" X မှာ ဒီတစ်ယောက်တင်ထားတာ ကြည့်ကြည့်"

' Delight ရဲ့ အကောင့်ကို follow မလုပ်ကြပါနဲ့ retweet မလုပ်ကြပါနဲ့ သူက Hyune ရဲ့ sasaeng fan ပါ တလောက ကိစ္စကလဲ သူသက်သက်အတန်းရှင်းရှာတာ လို့ ပြောတယ်'

ယုံးဘို့ လက်တို့က တစ်ဆက်တည်း comment တွေဆီ
ရောက်သွားတော့သည် မြန်ချက်

"မှတ်ချက်ပေးသူ ၁ - ဟဲ့ဟုတ်လောက်တယ် နင်တို့သတိထားမိလား Hyunjin ဘယ်နေရာမှာရှိရှိသူရှိနေတာလေ"

"မှတ်ချက်ပေးသူ ၂ - Fansign ကို ကပ်လိုင်းနဲ့ ဝင်တာတဲ့ ဘယ်လောက်ပုံအောချလဲမသိဘူး"

" မှတ်ချက်ပေးသူ ၃ - ပွဲတွေမှာဆိုလဲ vvip တောင်သူ့လောက်မနီးဘူးဟေး တကယ်ပဲ "

"မှတ်ချက်ပေးသူ ၄ - မနာလိုစရာကောင်းချင်ပေမယ့် ဘက်လိုက်တာတော့မဟုတ်ပါဘူး Fansite အကုန်နီးပါး အဲ့လိုပဲ ဆိုတာ နင်တို့မသိကြတာလား"

ကယ်တင်ရှင်တစ်ယောက်လို မှတ်ချက်တစ်ခုကြောင့် အီယုံးဘို့တို့ မျက်ရည်တောင်ဝဲချင်သွားသည်

"မှတ်ချက်ပေးသူ ၅ - နင်တို့လဲ မကျေနပ်ရင်
သူလိုပိုက်ဆံလိုက်သုံးလိုက်"

ထိုမှတစ်ဆင့် အမြင်မတူသူ Fan တစ်စုတို့ တစ်ဖန်
ချကုန်ကြပြန်သည် Fandom lifeရဲ့ မပြီးဆုံးနိုင်သော
သံသရာလည်ခြင်းဖြစ်စဉ်ပင်

My Little Masternim and His beloved IDOL Where stories live. Discover now