My Little Masternim And His Beloved IDOL

145 31 12
                                    

*လေယာဉ်အကြာကြီးစီးရတာ သင်၏ ခါးအတွက်မကောင်းပါဘူး အီယုံးဘို့ နောက်တစ်ခါ လေယာဉ်အကြာကြီး စီးရမယ့် ကိစ္စတွေဆိုရှောင်ရမယ် ကိုကို့အတွက်ကလွဲလို့  - ပုံ အီယုံးဘို့ (ကိုကိုဟွမ်ဟျွန်ဂျင်း ထိပ်ထားစံ)

လေယာဉ်အကြာကြီး စီးရလို့ ညောင်းညာနေတဲ့ ခါးကို ဘယ်ညာ လှည့်ချိုးပြီး လေယာဉ်လဲ ဆိုက်ရောက်တော့မယ့် အသိပေးသံကြောင့် သိမ်းစရာရှိတဲ့ ပစ္စည်းတွေသိမ်းကာ အဆင်သင့်ပြင်နေလိုက်သည်

ယုံးဘို့အတွက်တော့ မီလန်နို မြေက သိပ်စိမ်းသက်မနေခဲ့ ဖေဖေ့ရဲ့ အလုပ်ကိစ္စတွေကြောင့် ခရီးတွေပတ်သွားရတဲ့အခါ ယုံးဘို့လေးဟာ ကပ်ကပ်လိုက်ခဲ့သူပီပီ သူမသွားဖူးတဲ့ နိုင်ငံဆိုတာ ခပ်ရှားရှားပဲ

လေယာဉ်ဆိုက်ရောက်တာနဲ့ ယုံးဘို့တို့ ကိုကို့ပုံရိုက်ချင်တာကြောင့် မြန်မြန် immigration ဖြတ်မယ်ဆိုပြီး ဆင်းပြေးတာများ ကြောင်မြှီးပင်မမြင်လိုက်ရချေ

Strong passport ကိုင်ထားတဲ့ ယုံးဘို့အတွက်တော့ immigration ဖြတ်တာဟာ သူများထက် နှစ်ဆ ပိုမြန်နေတော့ ကျေးဇူးရှင် ဩဇီသားဖေဖေကြီးကိုပါ ချစ်စိတ်တွေ တိုးပွါးလာရသေးသည်

"ဟိ Daddy ဖားသား အာပူကျီးရဲ့ ကျေးဇူးဇူးးး"

"ဟ့ အဖေဟ"

ဟုတ်ပါသည် baggage claim တဲ့နေရာမှာ ရပ်နေသူကတော့ အီယုံးဘို့ရဲ့ နှစ်ယောက်မရှိသော အဖေပါပဲ

အဖေ့ရဲ့ စွန်ရဲလို စူးရှတဲ့ မျက်ဝန်းတွေနဲ့ တည့်တည့်ရင်ဆိုင်ပြီး question mark ပေါင်းများစွာကို ခေါင်းပေါ်မှာတွေ့ရတော့ အီယုံးဘို့တို့ တံတွေးသာ အသာမြိုချလိုက်ရသည်

"အမလေး အားတဲ့ဘုရားဆင်းကယ်ကြပါ"

"အီယုံးဘို့ ဒါကဘယ်တုန်း"

"ဟိုလေ အဖေ.......သား သူငယ်ချင်းနဲ့လာတာ ဟုတ်တယ် သူငယ်ချင်းက မီလန်နို မှာ အလုပ်ရှိလို့ဆိုလို့"

"ဘယ်မှာလဲ မင်းသူငယ်ချင်းက"

"ဟိုမှာ" နောက်လှည့်ပြီး လက်ညိုးထိုးပြလိုက်တော့ *သေဟ ဟွမ်ဟျွန်ဂျင်းကြီး 😭

နည်းနည်းသိတဲ့ Fansite ကို လက်ညိုးထိုးပြပြီး သူငယ်ချင်းဘာညာနဲ့ ရွှီးဖောလုပ်ဖို့ ကြံရွယ်လိုက်ပေမယ့် ကံမကောင်းချက်များ ကိုကိုက သူ့အနောက်လှမ်းလှမ်းမှာ immigration ဖြတ်နေသတဲ့

My Little Masternim and His beloved IDOL Where stories live. Discover now