''သားရေ သားpavel ထတော့လေမားမားသားလေးရဲ့"
''မားမားကလည်းသားအိပ်ချင်သေးတယ်"
''ထတော့လေသားရယ် အောက်မှာသားပါးပါးကမနက်စာစားဖို့စောင့်နေပြီ"
''ဟုတ် သားထပြီ မျက်နှာသစ်ရေချိုးပြီးဆင်းခဲ့မယ်နော်"
''ဟုတ်ပါပီရှင် ရေအကြာကြီးမချိုးနဲ့နော်ပြီးရင်အဖျားကလွယ်ကလွယ်နဲ့"
''ဟုတ်ကဲ့ပါမားမားရဲ''
မားမားအခန်းထဲကထွက်သွားတော့မှpavelအမြန်ထကာရေမိုးချိုးရတော့၏ အကုန်ပြင်ပြီးတာနဲ့အောက်ကိုဆင်းလာတော့ထမင်းစားပွဲမှာထိုင်စောင့်နေကြသည့်မိဘနှစ်ပါး
''ပါးပါး မားမား"
''ဟဲ့ အော် ဒီကလေးဖြည်းဖြည်းဆင်းစမ်းပါဟယ် ပြုတ်ကြမှအမေကယ်ပါအဖေကယ်ပါဖြစ်နေမယ်"
''ပါပါး ကိုယ့်မိန်းမကိုယ်ကြည့်ပြောထားနော် အဖွားကြီးကျနေတာပဲပွစိပွစိနဲ့"
''ဟားးးးး''
''အဖေကြီးနော် ဟိုကလေးသေမယ်ရှင်လေးမာမားကိုများအဖွားကြီးတဲ့"
''အမေကြီးကလည်းကွာ သားကစတဲ့ဟာ"
pavelတိူ့မိသားစုရဲ့မနက်ခင်းလေးဟာအမြဲဒီလိုပါပဲ နွေးထွေးတဲ့မိသားစုလေးဖြစ်တာကြောင့်ပျော်စရာတွေအပြည့်ပင် အရမ်းကြီးမချမ်းသာပေမဲ့အနေတော်ရှိတဲ့အခြေနေမို့pavelတို့မျက်နှာငယ်စရာမရှိပေ
''သား"
''ဟုတ် ပါပါး"
''ကျောင်းမှာကောအဆင်ပြေရဲ့လား"
''ပြေပါတယ်ပါပါးရဲ့"
''စာကြိုးစားနော်သား"
''သားကဘယ်သူ့သားမို့လဲ"
''အမယ် အတတ်လေးရယ်"
''သားပြီးပြီ သွားတော့မယ်ပါးပါး မားမား"
''အေအေ ဂရုစိုက်မောင်းနော်သား"
''ဟုတ် မာမား"
''ချစ်ဖို့ကောင်းလိုက်တာ"
''ငါ့သားမို့လေကွာ"
''အို မဟုတ်တာကျွန်မသားမို့သားကချောတာချစ်စရာကောင်းတာ"
''ငါနဲ့တူလို့ကွ"
YOU ARE READING
အဆုံးမဲ့ချစ်ခြင်း(or)အကြွေပန်း
Fanfic''ကုိယ့်ပန်းကလေးကဘယ်လိုအခြေနေပဲဖြစ်ဖြစ်လူြးြကအမြဲတမ်းချစ်နေမှာမို့လူကြီးကိုပဲရွေးချယ်ပေးပါ" pooh ''ဖြူစင်မှုမရှိတော့တဲ့လူတစ်ယောက်ကိုထားရစ်ခဲ့ဖို့တောင်းဆိုပါတယ် ချစ်ခဲ့ပါတယ်ဒါပေမဲ့...'' pavel ''pavelကငါ့အပိုင် ငါနမ်းရှိုက်ပြီးခြွေချထားတဲ့ပန်းကလေး မင...