WDTM 7

4.5K 483 43
                                    

"ခုံမှာမတ်မတ်ထိုင်ရမယ်။ စန္ဒယားခလုတ်တွေပေါ်တင်ထားတဲ့ လက်ချောင်းတွေက အပြားလိုက်ကြီး၊ အတောင့်လိုက်ကြီး မဖြစ်ရဘူး။ လက်ချောင်းလေးတွေကို ကွေးကွေးလေးထားပြီး ခလုတ်တွေကို ထိထားရမယ်"

ရိပေါ်က နှုတ်ကတတွတ်တွတ်ပြောရင်း ခုံပေါ်ထိုင်နေတဲ့ ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်ကိုလည်း ထိကိုင်လို့ မတ်မတ်ဖြစ်ရဲ့လား စစ်ကြည့်နေသည်။ စန္ဒယားခလုတ်တွေပေါ်တင်ထားသည့် လက်ချောင်းတွေကိုလည်း ဆုပ်ကိုင်ပြီး "curve fingers" ဟု နှုတ်ကပြောလို့ လက်ချောင်းအနေအထားတွေကို ပြုပြင်ပေးနေသည်။

"ဘယ်ဘက်က low sounds, အလယ်က Middle sounds, ညာဘက်က High sounds. A B C D E F G ဆိုတဲ့ key တွေကိုပဲ ထပ်ခါသုံးသွားမှာ။ ညာဘက်လက်ချောင်း ၅ ချောင်းက Middle sounds နေရာက C D E F G ဆိုတဲ့ ခလုတ်လေးတွေပေါ်ရောက်နေပြီနော်။ ထိ ကြည့်လိုက်"

ထိုင်နေသည့် ရှောင်းကျန့်အနားမှာ ကပ်လျက်ရပ်နေရင်း သူ့ပုခုံး၊ ကျော၊ လက်မောင်း၊ လက်ချောင်းတွေကို သေချာထိကိုင်လို့ သင်ပေးနေတဲ့ကောင်လေးက အနီးကပ်ရှိနေတော့ ရှောင်းကျန့်ရဲ့စိတ်တွေက စန္ဒယားခလုတ်တွေဆီမှာရှိမနေတော့ပေ။

နို့ရည်နံ့သင်းသင်းလေးရနေတဲ့ ပါးဖောင်းလေးထဲ နှာခေါင်းချွန်ချွန်ကို အားရပါးရ နစ်မြှုပ်ပစ်လိုက်သည်။

"ဟင်"

ရိပေါ်က ထိတ်လန့်သွားဟန် အာမေဋိတ်သံလေးပြုရင်း ကိုယ်ကိုငုံ့ကိုင်းနေရာက ပြန်မတ်လိုက်သည်။ အရမ်းနီးကပ်နေသည့်အခြေအနေကို အခုမှသတိထားမိသွားတာကြောင့် နောက်ဆုတ်သွားလေသည်။ ရှောင်းကျန့်က ခါးလေးကနေ သိမ်းပွေ့လိုက်ပြီး ပေါင်ပေါ်ထိုင်လျက်ကလေးဖြစ်အောင် ဆွဲချလိုက်သည်။

ကိုယ်လုံးသေးသေးသွယ်သွယ်လေးကို နောက်ကနေ သိုင်းဖက်ထားရင်း ကျောပြင်လေးထက် အသက်တဝကြီးရှူသလို နမ်းရှိုက်နေသည်။

"ဖယ် ဖယ်... အဲ့လိုတွေလုပ်နေရင် မသင်ပေးတော့ဘူး"

အသံတုန်တုန်နဲ့ပြောရင်း ခါးသေးသေးလေးထက် ကျစ်နေအောင် ဖက်ထားတဲ့ သူ့လက်တွေကို အတင်းဆွဲဖြုတ်နေသည်။ ရှောင်းကျန့်ကရယ်ရင်း

Who Dare Touch Mine!!! (ငါ့အပိုင်ကိုဘယ်သူထိရဲလဲ)Where stories live. Discover now