III

833 119 17
                                        

အနက်ရောင်ကတ္တီပါစောင်အောက်က အဝတ်အစားမဲ့နေသော ခန္ဓာကိုယ်နှစ်ခုသည် အကြားအလပ်မရှိအောင် ပူးကပ်နေသည်။

ကျောပေးထားရာဘက်မှ အတင်းအကြပ်ထွေးဖက်ထားတဲ့ထိုလူကြီးသည် ဆော့ဂျင်ရဲ့ပုခုံးစွန်းနှင့် ဂုတ်ပိုးဖွေးဖွေးလေးကို တတိတိနမ်းရှိုက်နေသည်။

ဖြစ်ခဲ့ပြီးသော အကြောင်းအရာတွေကို ပြန်တွေးလျှင် ဆော့ဂျင်တစ်ကိုယ်လုံးမီးကျီခဲနှင့် အတို့ခံရသလို ပူလောင်နာကျင်နေရသည်။

ဟင့်..

ရှိုက်သံသဲ့သဲ့လေးနှင့်အတူ ဆော့ဂျင်မျက်လုံးထောင့်သို့ မျက်ရည်ပူတစ်ချို့ဖြတ်သန်းစီးဆင်းသွားသည်။ သူအခု သူ့ရဲ့အသိမဲ့မှုအပေါ် နောင်တစိတ်တွေဖြစ်ပေါ်နေရသည်။

ဘာလို့များလဲ..ဘာလို့ ဒီလောက်လေးကို မထိန်းချုပ်နိုင်ခဲ့တာလဲ ဆော့ဂျင်ရယ်..

သူ့ကိုယ်သူအပြစ်တင်စိတ်တွေ ကြီးစိုးနေခဲ့သည်။

ထိုအချိန်သူ့နားထင်စပ်မှ နွေးထွေးသောအနမ်းတစ်ချက်ကို ခံစားလိုက်မိသည်။ ထိုလူကြီး၏ ရင်ငွေ့သည် သူ့ကျောပြင်တစ်ခုလုံးကို နွေးထွေးစေခဲ့သည်။

"ဘာလို့ မျက်ရည်ကျတာလဲဟင်..ကိုယ်ပေးခဲ့တဲ့ အရာကနာကျင်နေလို့လား..အဲ့ဒီနေရာက နာနေလို့လား.."

ထိုလူကြီးသည် သူ့ခန္ဓာကိုယ်ကိုပွတ်သတ်ရင်း ရှက်ဖွယ်လိလိ စကားကိုဆိုသည်။

"ဖြေဉီးလေ..ကိုယ်နဲ့အတူရှိနေရတာ မပျော်တော့ဘူးလား.."

"......."

"ကိုယ်ကတော့ သိပ်ပျော်တယ်..မင်းနဲ့သွေးသားနှီးနှောခဲ့ရလို့.."

ထိုလူကြီးစကားကြောင့် ဆော့ဂျင်သူ့ကိုသူရွံရှာလာသည်။ မကြာခင်အချိန်တုန်းက အရှက်သိက္ခာမဲ့ခဲ့ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ သူ့ကိုသူပြန်မြင်လာသည်။

"ကိုယ်တို့လက်ထက်ကြမယ်နော်..မင်းနဲ့ကိုယ်နဲ့ အတူတူနေသွားကြမယ်.."

"ဟင့်အင်း!!"

ဆော့ဂျင်က အိပ်ယာပေါ်မှ လူးလဲထသည်။ ရုတ်တရက်မို့ ထိုလူကြီးက လှဲအိပ်နေတဲ့ပုံစံအတိုင်းပင် ဆော့ဂျင်ကိုမော့ကြည့်သည်။

The Castle Of WizardTempat cerita menjadi hidup. Temukan sekarang