(အခန်း၄)

626 75 10
                                    

လင်းကြက်တွန်သံစူးစူးကြောင့်နိုးထလာ၏။သို့သော်မျက်နှာရှေ့ထိတွေ့နေသည့်ခပ်မာမာအရာကြီးကြောင့်မျက်လုံးမဖွင့်သေးပဲဟိုစမ်းဒီစမ်းလုပ်မိသည်။

" လျှောက်ကိုင်မနေပဲထတော့"

နားအနီးကပ်ပြောလာတဲ့ဩရှသောအသံကြောင့်ဆတ်ခနဲမော့ကြည့်လိုက်ရာ....

ခွပ်!

"အာ့"

" ဟင် မဂ္ဂ...နာသွားလား ဥုံဖွ ဥုံဖွနော် မတော်လို့ဖြစ်သွားတာပါ"

Vရဲ့မေးကိုလက်ချောင်းလေးများနဲ့အသာထိပြီးပြောလိုက်သည်။

မနေ့ညကတစ်ယောက်နဲ့တစ်ယောက်ကျောပေးအိပ်သွားတာပါ...အခုဘယ်လိုဖြစ်လို့မဂ္ဂရင်ခွင်ထဲရောက်နေရတာလဲ!

" နာတယ်...အနမ်းနဲ့ကုပေး"

" မွ* ...မတော်တဆဖြစ်သွားတာနော်ကိုယ်တော့်မဂ္ဂလေး မရည်ရွယ်ပါဘူး"

မတုံ့မဆိုင်းရောက်လာတဲ့အနမ်းကြောင့်V ပြုံးလိုက်မိသည်။ထို့နောက်ကုသောVရဲ့လက်တွေကြားကရုန်းထွက်ပြီးထ ထိုင်လိုက်၏။

" ကိုယ်တော်ညီလာခံသွားရဦးမှာ...ဒီနေ့ညီလာခံကအရေးကြီးတာမလို့မဂ္ဂလည်းလိုက်ခဲ့ရမယ်"

" ညီလာခံကဘာလဲကုသောလေး"

" တိုင်းရေးပြည်ရေးနဲ့တခြားအရေးတကြီးဆွေးနွေးစရာတွေကိုမှူးကြီးမတ်ရာနဲ့တိုင်ပင်တာမျိုးပေါ့"

"ဪ mettingလိုဟာမျိုးပဲ"

" မိတင်း ဘယ်ကမိတင်းလဲမဂ္ဂ...ဘယ်ကအမျိုးသမီးကိုတနေတာလဲ"

" ဟဟ~...mettingဆိုတာအစည်းအဝေးကိုပြောတာပါကွာ~"

မျက်မှောင်ကျုံ့မေးလာတာကြောင့်သဘောတကျရယ်ရင်းထထိုင်ကာကိုယ်လေးကိုအနောက်ကသိုင်းဖက်လို့ပခုံးတစ်ဖက်ပေါ်မေးတင်လိုက်သည်။

" နယ်နိမိတ်ခြားကမိတ်ဆွေတွေတချို့လာမှာမလို့ထွက်ကြိုရမှာ...ရက်သက်တစ်ပတ်စောပြီးရောက်လာတဲ့ဆွေမျိုးမကင်းသူတွေမလို့ကိုယ်တော့်ဘက်ကဝတ္တရားပျက်လို့မဖြစ်ဘူး"

" မသွားလို့မရဘူးလား...ကိုယ်မင်းကိုမှီထားချင်တယ်။ကုသောလေးကအမွှေးတုံးလေးလိုပဲကိုယ့်စိတ်ကိုကြည်လင်စေတယ်။"

ကတ္ထိဇူပကခေတ်က MafiaWhere stories live. Discover now