နေရောင်မထွက်သေးသောမနက်အချိန်ခါ...Vနိုးနေပြီးပြတင်းပေါက်ဆီလာနားတဲ့ခိုဖြူတစ်ကောင်ကြောင့်အနားသွားတော့ခြေမှာ စာလိပ်လေးတစ်ခု။
ဖြုတ်ဖတ်လိုက်သော်ထိုခိုကပျံသွားသည်။
< တောအုပ်ရဲ့ဗဟိုတည့်တည့် တမာပင်အစုဝေးရဲ့အလယ် >
ဒါခံတပ်ဆောက်မယ့်နေရာပဲဖြစ်ရမယ်!
အော့အီးအီးးးးအွတ်!!!
လင်းကြက်တွန်သည့်အခါကုသောအင်းအဲလုပ်လာသည်။Vထိုစာကိုဝါးစားလိုက်ပြီးကုသောကိုယ်လေးကိုဖက်လျက်အိပ်ဟန်ဆောင်လိုက်၏။
ကုသောနိုးလာတော့ ပွေ့ဖက်ထားတဲ့ရင်ခွင်ကဗလာနတ္ထိမှန်းသိသော် ပါးလေးတွေနီရဲသွား၏။
ပြတင်းပေါက်မှနေရောင်ခြည်ဟာ မြို့တော်တစ်ခွင်အလှဆုံးဟုနာမည်ကျော်ကြားသူရဲ့မျက်နှာပေါ်ထိုးကျသည့်အခါ စမ်းရေအေးဘေးကသလင်းကျောက်လိုခံစားရသည်။
ပါးပြင်ချောချောမှာသွေးကြောစိမ်းများရှုပ်ပြေးသည်ကိုပါမြင်ရခြင်းကတော်ရုံအလှတော့မဟုတ်။
ဒါပေမဲ့ကုသောစိတ်ထဲ ထိုနူးညံ့တဲ့ခန္ဓာကိုယ်နှင့်မဂ္ဂသင်္ချေရဲ့ယခုစိတ်ကိုတွဲကြည့်လို့မရတာအမှန်။မည်သို့ဆို စကားပြောပုံဆိုပုံ၊ တစ်ခါတလေခန္ဓာကိုယ်ကိုထမ်းပွေ့သွားတာများပေါ့ပါးတဲ့သစ်ရွက်လိုပဲ။
ပန်းနုရောင်နှုတ်ခမ်းတို့ရဲ့အပေါ်ခပ်စိမ်းစိမ်းအရောင်သန်းလာပြီဖြစ်တဲ့အသားရေကိုသေချာစိုက်ကြည့်ရင်း အနားတိုးကပ်မိသည်။
သို့ပေမဲ့....
"အင့်! အမလေးငါ့ဒုက္ခကြီး!!"
"ဟားဟား~ ဘယ်ဒုက္ခကြီးလဲ...ခိုးနမ်းဖို့ချောင်းနေတယ်ပေါ့...ဟွန်~"
ခိုးနမ်းဖို့ပြင်နေသူလေးအား ဆွေ့ခနဲလှဲချပြီးအုပ်မိုးလိုက်သော်ယောင်တာကသူများထက်ထူးနေသည်။
ပါးလေးဆီနှာတံနဲ့ပွတ်ဆွဲရင်းမေးလိုက်တော့....
" ဟို..ဟို...မဂ္ဂနှုတ်ခမ်းပေါ်ကစိမ်းစိမ်းလေးကိုသဘောကျလို့ပါ"
" ဪ~ ဒါဆိုကိုယ်နှုတ်ခမ်းမွှေးထားလိုက်ရမလား"
"ဟင့်အင်း နှုတ်ခမ်းမွှေးကြီးနဲ့နမ်းရင်ဆူးမှာ"
YOU ARE READING
ကတ္ထိဇူပကခေတ်က Mafia
FanfictionMafia လောကမှာနာမည်ကြီးဒိတ်ဒိတ်ကျဲ Vilonဂိုဏ်းခေါင်းဆောင်Vက ရုတ်တရက်သေဆုံးသွားပြီးသူယူလာခဲ့တဲ့ပေလွှာထဲက ခေတ်တစ်ခုကိုရောက်သွားချိန်မှာဘာတွေဆက်ဖြစ်မလဲ! ( အရင်အကောင့်ဟောင်းကမပြီးပြတ်သေးတာလေးပြန်တင်တာပါ)