• part 1 •

134 16 4
                                    

အေဒီခုနှစ် ၅၇၀။ နတ်ဆိုးတို့ရဲ့ဌာနေဖြစ်တဲ့ the land of devilရဲ့ kenmio (ခမ်မီအို)မြို့တော်။

မပြောင်းမလဲ သွေးရောင်နုနုလွှမ်းနေတဲ့ ကောင်းကင်မျက်နှာပြင်မှာ တစ်ရိပ်ရိပ်ပျံလွှားနေတဲ့အရိပ်မဲတွေ။

သေချာကြည့်မယ်ဆိုလျှင် အနက်ရောင်auraအခိုးအငွေ့တွေ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ဝန်းရံနေပြီး တောင်ပံနဲ့ ပျံသန်းနေကြတဲ့ နတ်ဆိုးတို့သာဖြစ်သည်။
အုံ့မှိုင်းနေတဲ့ ကောင်းကင်ကြောင့် မြင်နေရတဲ့ ပတ်ဝန်းကျင်တစ်ခွင်လုံးဟာလည်း မှိုင်းညို့ညို့။

မြေမျက်နှာပြင်ဟာလည်း ကျောက်သားအချွန်အထက််များဖြင့် အခုံးအချိုင့်များဖြစ်လျက်် မညီမညာရှိနေသည်။

တောင်ထိပ်သို့သွားရာလမ်းတစ်လျှောက်တွင်မူ ကျောက်ဆစ်ကျောက်ခတ်‌ေတွနဲ့ အနားသတ်ထားတဲ့ အရိုးခြောက််များခင်းကျင်းထားပြီး လမ်းကြောင်းတစ်လျှောက်အတိုင်း တက်သွားရင်တွေ့ရမှာက တစ်ခုတည်းသော ခမ်းခမ်းနားနားတည်နေတဲ့ အနက်ရောင်ကျောက်ဂူရဲတိုက်ကြီးပင်ဖြစ်သည်။

ရဲတိုက်ကြီးရဲ့မျက်နှာပြင်ဟာလည်း ကျောက်သားအချွန်အထက််များနှင့် မညီည‌ာပေ။

ရဲတိုက်ရဲ့ထိပ်ဆုံးမှာ‌ေတာ့ အဖြူရောင်လိုက်ကာစ တစ်လွှင့်လွှင့်နှင့် သွယ်ယှက်ကာရံထားတဲ့ လေသာဆောင်လေး။

‌လေသာဆောင်မှာ ရွှေရောင်အနားကွတ်ထားတဲ့ထိုင်ခုံလေးရှိပြီး ထိုထိုင်ခုံမှာတော့ လျော့တိလျော့ရဲထိုင်နေသူ နှစ်ဦးလည်းရှိသည်။

"ဘာတွေစိတ်ရှုပ်နေပြန်ပြီလဲ ဂျိတ်ခ်"

စကားစလိုက်သူသည် ကော်လံလေးပါသောအင်္ကျီအဖြူလက်ရှည်ကိုမှ အနက်ရောင်vestကိုထပ်ဝတ်ထားသည်။

ကုတ်‌ေကျာ်နေပြီဖြစ်သော ဆံပင်တို့က သူ့ရဲ့မျက်ခုံးများနည်းတူ နက််မှောင်လျက်ရှိသည်။

"ငါ့မှာ စိတ်ရှုပ်စရာကဘာများရှိပါဦးမလဲ "

ကကြီးပုံ နှုတ်ခမ်းရဲရဲလေးက အနည်းငယ်မဲ့တဲ့တဲ့နှင့် သူ့အား ခပ်ချေချေစောင်းငဲ့ပြောတော့ နီရှီမူရာတစ်ချက်ပြုံးမိသည်။

SACRIFICE // YUNKIWhere stories live. Discover now