• part 2 •

101 15 4
                                    

              " ငြိမ်းချမ်းခြင်းဆိုတဲ့ စကားလံုးက အဓိပ္ပါယ်ဖွင့်ဆိုတဲ့သူအပေါ်မူတည်ပြီး ပြောင်းလဲလေ့ရှိတယ်။

              ကျွန်တော့်အတွက်တော့ အထီးကျန်အားငယ်နေတဲ့အချိန် ငြိမ်းချမ်းခြင်းဆိုတာက နတ်သားနဲ့နတ်ဆိုးတို့ရဲ့တိုက်ပွဲတွေ ချုပ်ငြိမ်းခြင်း ဒါမှမဟုတ် ဒီလောကဘုံကနေ ကျွန်တော်ချုပ်ငြိမ်းသွားခြင်းလို့ ယူဆခဲ့တယ်။

              ဒါပေမယ့် သူနဲ့ဆုံတွေ့ချိန်မှာတော့ သူကသာ ကျွန်တော့်ရဲ့ငြိမ်းချမ်းရာဖြစ်လာခဲ့တယ် " - နီရှီမူရာ

• • • • • •

              နတ်သားတို့နေထိုင်ရာ Land of Angelရ‌ဲ့ Andria(အန်ဒရီရာ)မြို့တော်။

              ဝန်းကျင်တစ်ခုလံုးမှာ ဝင်းဝါရောင်သမ်းနေတဲ့ တိမ်ဖြူလေးတွေ လွင့်မျောနေလျက်ရှိသည်။

              ခြေနင်းရာမြေပြင်ဟာလည်း စိမ်းစိုနေတဲ့မြက်ခင်းလေးများနှင့် မျက်လုံးအေးစရာပင်။

              တစ်ချို့နေရာတွင် ထင်ရှူးပင်ဖြူကြီးများက မိုးထိအောင် ထောင်ထောင်လွှားလွှားရှင်သန်နေသည်။

              တစ်ချို့နေရာတွင်မူ တောင်ပေါ်မှစီးဆင်းကျလာသော ရေတံခွန်ကြောင့် ချောင်းငယ်လေးတွေရှိတတ်သည်။

              ရေတံခွန်‌မှစီးဆင်းလာသော‌ ရေစီးကြောင်းမျက်နှာပြင်ဟာ ကောင်းကင်မှဖြာကျနေသော နေရောင်ခြည်ကြောင့် တစ်လက်လက်တောက်ပနေသေးသည်။

              ထိုရေစီးကြောင်းတို့လာရာ တောင်ထိပ်တွင်တော့ ပန်းကနုတ်အလှဗိသုကာနဲ့ လှပတင့်တယ်နေတဲ့ ဆင်စွယ်ရောင်ရဲတိုက်ကြီးတည်နေသည်။

              ရဲတိုက်ကြီးရဲ့ ဝင်ပေါက်တည့်တည့်က ဟောခန်းကြီး၏အလယ်တွင် ဒူးထောက်ကျနေသော အနက်ရောင်ဝတ်စုံနဲ့တစ်ဦး။

              ထိုသူရဲ့လက်‌တစ်ဖက်စီသည် အစွန်မှဘေးနံရံတစ်ဖက်တစ်ချက်တွင် ချည်ထားသော အဖြူရောင်အလင်းတန်းနှစ်ခုဖြင့် တုပ်နှောင်ထားခြင်းခံထားရသည်။

              သူ့ရဲ့ရှေ့မှာတော့ အဖြူရောင်ဝတ်စုံလက်ရှည်အင်္ကျီကိုဝတ်ထား‌ေသာတစ်ယောက်နှင့် လက်ပြတ်အင်္ကျီဝတ်ထားတဲ့တစ်ယောက်က မတ်တပ်ရပ်ကြည့်နေသည်။

SACRIFICE // YUNKIWhere stories live. Discover now