June 24, 2015
တဖြောက်ဖြောက်ရွာနေသည့်မိုးဆွေဆွေ။ညနေကတည်းက ဆွေနေသည့်မိုးက ဒီညမှာတော့ မိုးပေါက်အဖြစ်သို့ပြိုကျလာကြ၏။
Sunoo မွေးနေ့မှာ မိသားစုနဲ့အတူ အပြင်ထွက်မည်ဟုစိတ်ကူးထားပေမဲ့ မိုးကျနေခြင်းကြောင့် မသွားခဲ့ရ။မွေးနေ့ရှင်လေးမှာ စိတ်အလိုမကျမှုကြောင့် မိုးနှင့်အပြိုင်မျက်နှာကလေးညို့နေရှာ၏။
ထိုအချိန် အခန်းအတွင်းမီးအမှောင်ကျခြင်းနှင့်အတူ ထွက်ပေါ်လာသည့် Birthday song
" Happy Birthday to you
Happy Birthday to you
Happy Birthday
Happy Birthday dear Baby Sunoo
Happy Birthday to you"ညို့နေသည့်မျက်နှာကလေးမှာအလင်းရောင်ကလေးပက်ဖြန်းလိုက်သလို ဝင်းဝင်းပပကလေးဖြစ်သွားကာ ပါးမို့မို့ကလေးများမို့တက်သွားသည်အထိပြုံးသွား၏။
" Happy Birthday နော် သားငယ် "
အရှေ့သို့ရောက်လာသည့် Birthday cake လှလှလေး။
Cake ပေါ်မှ ရောင်စုံဖယောင်းတိုင်မီးကလေးများနှင့်အပြိုင်
Sunoo ၏ မျက်လုံးတောက်တောက်ကလေးများမှာလည်း
တလက်လက်။" ဖယောင်းတိုင်မှုတ်လိုက် သားငယ် "
မိခင်၏စကားကြောင့် လက်ကလေးနှစ်ဖက်ယှက်ကာဆုတောင်းပြီး ဖယောင်းတိုင်မီးကိုမှုတ်လိုက်၏။
ကျွန်တော့်ရဲ့ မွေးနေ့တိုင်း ဖေဖေနဲ့မေမေအနားမှာအမြဲရှိပါစေ။" ဖေဖေ့ကိုအရင်ကျွေး "
ရယ်မောပျော်ရွှင်သံများက အခန်းအတွင်းပျံ့နှံ့လျက်။
အပြင်မှမိုးသံများက ထိုရယ်သံများကိုမဖုံးအုပ်နိုင်။ထိုအချိန်
" ဒိုင်း "
သေနတ်သံတစ်ချက်။
လဲပြိုကျသွားသည့် ဖခင်၏ခန္ဓာကိုယ်။
သူ့ကိုဖက်ကာ ရှေ့မှောက်မှအဖြစ်အပျက်အား ကြောင်ငေးကြည့်နေရှာသော မိခင်။တံခါးဝမှ သေနတ်ကိုင်ထားသူ။
နောက်ထပ် ရောက်လာမည့် ကျည်ဆန်ဟာ သူမအတွက်ဆိုတာကို ချက်ချင်းသဘောပေါက်လိုက်သည်။သားဖြစ်သူအား သူမတို့အခန်းဖြင့်ဆက်ထားသည့်တံခါးပေါက်ဝသို့တွန်းလွှတ်လိုက်၏။