မိုးရာသီရဲ့ ဝန်းကျင်မှာ အရာရာကစိုစွတ်နေ၏။
ကျောင်းကပြန်လာတိုင်း လေ့ကျင့်ရေးအခန်းဆီသူသွားရသည်။
သူမလုပ်ချင်တဲ့အလုပ်တွေလုပ်ရသည်။
သူကိုယ်တိုင်လည်းနာကျင်ရသလို၊တခြားသူတစ်ယောက်ကိုလည်းနာကျင်အောင်လုပ်ရသည်။" အား ! "
" တော်တယ် သား ၊
အမြဲအဲ့လိုပဲဖြစ်နေရမယ် "ဖခင်ရဲ့ ပုံသွင်းမှုအောက်မှာ သူဟာအလိုလိုအေးစက်သွား၏။
ရက်စက်တတ်လာသည်။
မာကျောတတ်လာသည်။
စိတ်ခံစားချက်တွေမရှိတော့သည့် စက်ရုပ်တစ်ရုပ်လိုဖြစ်လာာသည်။" ဒီနေ့က သူ့အတွက်နောက်ဆုံးနေ့ဖြစ်စေရမယ် "
ဖေဖေ့မျက်ဝန်းထဲ နာကျည်းရိပ်တွေမြင်နေရသည်။
" ရော့ သား "
သူ့ဆီကမ်းပေးလာသည့်သေနတ်တစ်လက်။နေ့တိုင်း လေ့ကျင့် ကိုင်တွယ်နေရသည်မို့အထူးအဆန်းတော့မဟုတ်။
" ကားအဆင့်သင့်ပြင်လိုက်တော့ "
" သား အဖေနဲ့အတူလိုက်ခဲ့ရမယ် "
လမ်းမထက်မိုးတဖြောက်ဖြောက်ရွာနေ၏။
ကားမှန်ကိုလာရိုက်ခတ်သည့်မိုးမှုန်တွေကြား သူမြင်သမျှအရာရာကမှုန်ဝါးဝါး။
အဖြူရောင်အိမ်ကြီးတစ်လုံးရှေ့ သူတို့စီးလာသည့်ကားကရိပ်ကနဲရပ်သွား၏။
အတူပါလာသည့်ကားများကလည်း ထိုနည်းတူစွာ။ဖေဖေ့တပည့်များက ခြံတံခါးကိုရိုက်ဖျက်နေကြ၏။
ခြံတံခါးပျက်သွားသည့်အခါ အိမ်ကြီးထဲသို့ကျွန်တော်တို့ဝင်လာခဲ့ကြသည်။အပေါ်ထပ်မှ ရယ်မောပျော်ရွှင်သံတွေ ၊
နောက်ပြီး Birthday song တစ်ပုဒ်။သေချာနားထောင်နေမိသည်။သူ့ဘဝမှာ ဒီလိုမျိုးတစ်ခါမှမရရှိဖူးခဲ့။
အပေါ်ထပ်သို့ ဖေဖေနှင့်အတူဖေဖေတပည့်များတက်သွားကြ၏။သူကတော့ ရှေ့မှာရှိနေသည့်အခန်းတစ်ခုအတွင်းသို့ဝင်လာခဲ့သည်။
ကြားလိုက်ရသည့်သေနတ်သံတစ်ခု။နံရံတစ်ခုမှပွင့်လာသည့်တံခါးနှင့်အတူ သူရှိရာအခန်းသို့ရောက်လာသည့်ကောင်လေးတစ်ယောက်။
မျက်ည်တွေရွှဲကာ ကြောက်ရွံ့ထိတ်လန့်နေသည့်မျက်လုံးကလေးများ။