march 30 1998 , malfoy manor
"malfoy တွေဟာ
လူတိုင်းထက်သာရမယ်""malfoy တွေဟာ
ဂုဏ်ဒြပ်နဲ့လိုက်ဖက်တဲ့
အပြုအမူကောင်းရှိရမယ်""malfoy တွေဟာ
ကိုယ်လျှောက်မယ့်လမ်း
ကိုယ်ပေါင်းမယ့်အပေါင်းအသင်း
ကိုယ့်အနာဂတ်ကိုရွေးချယ်တဲ့အခါမှာ
မိသားစုကိုထိပ်ဆုံးကထည့်စဥ်းစားရမယ်"narcissa ညအိပ်ရာဝင်တိုင်း
သူ့ကိုပြောပြနေကျစကားတစ်ချို့က
draco ရဲ့နားထဲမှာတဝဲလည်လည်ကြားနေရသည်။အသက်ကိုမနည်းရှူသွင်းဖို့ကြိုးစားရင်း
သူ့ရှေ့ကမြင်ကွင်းကိုကြည့်ပြီးတွေးမိတာက
ဒီကံကြမ္မာဆီကနေ သူတစ်ကယ်ပဲ
မလွတ်မြောက်တော့ဘူးထင်ပါရဲ့"draco သား
သေချာကြည့်ပြီးပြောပြစမ်း
ဒါ harry potter လားလို့"Lucius ရဲ့ လှမ်းခေါ်သံအဆုံးမှာ
တစ်ခန်းလုံးရဲ့အာရုံက
draco ဆီကိုစုပုံကျလာတာမို့
လက်ထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
wand ကို ကိုင်ရင်း ခါးကိုအသာမတ်ကာ
ဧည့်ခန်းအလယ်က လူအုပ်နားလျှောက်လာခဲ့သည်သူကပြရမယ့်အပိုင်းကိုရောက်လာပြီမို့
သူ့ရှေ့ကမျှော်လင့်နေတဲ့ပရိတ်သတ်တွေကို
ခြုံငုံပြီးနောက်တစ်ကြိမ်ထပ်ကြည့်လိုက်သည်ပါးစပ်ကိုနားရွက်တက်ချိတ်အောင်ပြုံးနေတဲ့
death eater တစ်သိုက်နဲ့အတူ
ကိုယ်တွေလက်တွေကိုချုပ်ထားခံရတဲ့
hermione , ron , ပြီးတော့
ပြီးတော့"ဒါ harry potter ဟုတ်တယ်မှလား
အနားကပ်ပြီးသေချာကြည့်စမ်းပါ"သူ့ရဲ့ပုခုံးပေါ်ကိုလက်တစ်ဖက်လာတင်ရင်း
နားနားကိုကပ်ပြောလာတဲ့ bellatrix ကြောင့်
draco ရဲ့ပုခုံးကအနည်းငယ်တွန့်သွားသည်။
YOU ARE READING
Stars Aligned [Drarry]
Fantasy"တားမြစ်ထားတဲ့သစ်တောဆိုတဲ့စကားမှာ ဘယ်အပိုင်းကိုမင်း နားမလည်တာလဲ malfoy ငါ့နောက်ကို ဒီအထိလိုက်လာတာ ဒုက္ခရောက်သွားနိုင်တယ်ဆိုတာသိလား" ဒေါသတွေနဲ့ပြည့်နေတဲ့ အစိမ်းရောင်မျက်ဝန်းတွေထဲက နွေးထွေးမှုက သူ့ဆီကိုပါ ပျံ့နှံ့စီးဆင်းလာတာမို့ draco သဘောတကျပြုံးရ...