(၃၉)
"'ရှင်!! အယုတ်တမာကောင်"'
"'ဖြောင်း!!!"'
ပါးရိုးနှင့် လက်ဝါးချင်းထိမိသည့် အသံက ကျယ်လောင်စွာထွက်ပေါ်သွားသည်။ ဒေါသကြောင့် နီရဲနေသည့် မျက်နှာနှင့် အသက်ပြင်းပြင်းရှူနေသည့် မိန်းကလေးတစ်ဦး။ ထို့အတူ ရိုက်ခံထိသွားသည့် ပါးပြင်ကို လက်မဖြင့်ပွတ်ရင်း နှုတ်ခမ်းကွေးကာ ပြုံးနေသည့် ယောက်ျားတစ်ဦး။ မတူညီသော ပုံစံဖြင့် ကိုယ်စီရှိနေကြသော်လည်း ထိုနှစ်ယောက်၏ မျက်ဝန်းတို့ဟာ စကားပြောနေလျက်ရှိလေ၏။
"'လုပ်ပါဦး ကျွန်မ အသားကို ထပ်ထိစမ်းပါ"'
""မင်းအရင်စိန်ခေါ်တာနော် မဏိသက် မထိရဲစရာအကြောင်းကို မရှိဘူး""
"'အဟင်း ထိရဲသေးတယ်ပေါ့ အဆင့်မရှိတဲ့လူ"'
"'ဖြောင်း!!!"'
"'ရှင့်လုပ်ရပ်ကို ရပ်တန်းကရပ်ရင်ကောင်းမယ် မဟုတ်ရင် နောင်တကောင်းကောင်းရသွားမယ်"'
"'ဖြောင်း!!!"'
ဘယ်ဘက်လက်ဖဝါးကို အတင်းဆွဲယူကာ နှုတ်ခမ်းဖြင့်နမ်းရန်ပြင်နေသည့် ထိုလူ၏ပါးကို မဏိ ညာလက်ဖြင့် အားပါပါ လွှဲရိုက်ပစ်လိုက်သည်။ ရိုက်ချက်ဘယ်လောက်ထိ ပြင်းသွားသလဲမသိပါ။ မဏိရဲ့ ညာလက်ပင် အောင့်သွား၏။ ကိုနွေဒီမင်းနှင့်တူသည့် ထိုလူလည်း အတော် အီစိမ့်သွားသည်ထင်ပါရဲ့။ သို့မှသာ အတင်းဆွဲဆုပ်ထားသည့် ဘယ်ဘက်လက်ကို လွှတ်ချပေးတော့သည်။ ပတ္တမြားနီနီတို့၏ ဧည့်သည်မို့ ပြဿနာမတက်ချင်၍ မတရားခံရတာတောင် လျစ်လျူရှုပေးနေတာကို ဒင်းက အတင့်ရဲသည်။ လူပါးဝကာ မိမိ၏ သိက္ခာတရားကို စော်ကားသည်။ ထို့အတွက်ကြောင့် အပြစ်ပေးခြင်းမို့ ဘယ်သူ့ကိုမှ ဂရုစိုက်နေစရာမလိုဘူးလေ။ အထူးသဖြင့် မဏိရဲ့ ချစ်ခင်ပွန်းကြီးရှိနေတာမို့ ဘယ်သူ့ကိုမှ မကြောက်ပါ။
""တောက်စ်!! မဏိသက်""
"'ကျွန်မပြောတာကို သေတဲ့ထိမှတ်သွား ကျွန်မက အိမ်ထောင်သည် ကလေးအမေ နောက်ထပ် ကျွန်မကို ကိုယ်ထိလက်ရောက် ထိပါးစော်ကားလို့ကတော့ ရှင့်သေတွင်း ရှင်တူးလိုက်တာပဲ"'
![](https://img.wattpad.com/cover/346431068-288-k60283.jpg)
BẠN ĐANG ĐỌC
သူစိမ်းတို့ရဲ့အလယ်မှာ(COMPLETE)
Lãng mạnမထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းမှာ ဆုံကြပြီး မှောက်မှားသွားကြတဲ့ သူတို့နှစ်ဦး။ ဒါပေမဲ့ သူ့ တာဝန်ရှိတယ်ဆိုပြီး မဏိသက်ကို တာဝန်ယူပေးလိုက်တဲ့ သွင်ဟန်သစ်က သူ့သားကို လက်ကမချတာပါ။ မိန်းမကိုလည်း ရှယ်ချစ်တာတွေမြင်ရ ဖတ်ရ စောင်ကိုက်ရမှာပါ။ ပြီးတော့ ခပ်မ...