မည်သည့် တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေချင်းမရှိပါ..
ယခုဝတ္ထုတွင်ပါဝင်သော အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာဖြစ်သည်..
တစ်စုံတစ်ရာနှင့် တိုက်ဆိုင်ခဲ့ပါက အပြည့်အဝ crdပေးပါတယ်...။"မေမေ....တိမ်လွှာ ဒီဖိနပ်လိုချင်တယ်"
"ဟုတ်ပြီ သမီးငယ် မေမေဝယ်ပေးမယ်နော်... ညီမ ဒီဖိနပ်လေးယူမယ်နော်..."
"အစ်မရေ အားနာလိုက်တာ အဲ့တာက အခုပဲ ကာစတန်မာ(customer)က အောဒါ(order)တင်လိုက်တာမို့ မရတော့ပါဘူး ဒါက ညီမတို့ဆိုင်မှာ ရှိတဲ့နောက်ဆုံးတစ်ခုပါရှင့်..."၇နှစ်အရွယ် ကောင်မလေး၏ မျက်နှာကလေးဟာ ညှိုးကျသွားသည်
"သမီးငယ် တခြားဟာယူမလား မေမေ ဝယ်ပေးမယ်လေ..."
"တော်ပါပြီမေမေ တိမ်လွှာက ဒါပဲလိုချင်တာ...မရတော့လည်း ရတဲ့အခေါက်မှပေါ့ မရထိုက်လို့ပဲ ယူဆလိုက်ပါ့မယ်မေမေ.."
"သမီးလေးက ချစ်ဖို့ကောင်းလိုက်တာ...ဒါဆို မေမေတို့ပြန်ရအောင်"
"ဟုတ်..."တိမ်လွှာဖြူ...နာမည်နဲ့လိုက်အောင် ဖြူစင်သော မိန်းကလေးငယ်တစ်ဦး...
ကလေးငယ်၏ ကလေးဘဝလေးကတော့ လှပနေမည်မဟုတ်ပါ....
.
.
.
တစ်ခုသော ညနေခင်းလေးမှာ
တိမ်လွှာ ၆နှစ်စွန်းစွန်းအရွယ်ကပေါ့"အင့်..ဖေဖေ....မသွားလို့မရဘူးလားဟင်"
အဖေဖြစ်သူ၏ ခြေထောက်အား လက်သေးသေးလေးတို့ဖြင့် တင်းကြပ်စွာဆုပ်ကိုင်ကာ မေးနေသည်
"ဟင့်အင်း သမီး ဖေဖေနဲ့ မေမေက အတူတူရှေ့ဆက်ဖို့မဖြစ်နိုင်တော့ဘူး..."
"ဒါ.ဒါပေမယ့်..."
"တော်တော့ တိမ်လွှာဖြူ ဖေဖေသွားတော့မယ်"
"အင့် ဟင့်..."
ရှိုက်သံများထွက်သည်အထိ အိမ်ရှေ့၌ ငိုနေမိသော ကလေး....
တိမ်လွှာ့မေမေဟာ တိမ်လွှာ့အားချီကာပင် အငိုတိတ်အောင် ချော့ရတော့သည်သူမ တိမ်လွှာ့ဖေဖေကို မုန်းသည်
သူမတို့သားအမိကို စွန့်ပစ်ပြီး နောက်မိန်းမဆီကောက်ကောက်ပါအောင် လိုက်သွားသူကို မုန်းသည်
သူမ သမီးလေးဟာ သနားစရာပင်...
သမီးမျက်နှာမှမထောက် စွန့်ပစ်ခဲ့သည်
ထိုနေ့က သမီးငယ်ပြောတာလေးဟာ သိပ်သနားဖို့ကောင်းသည်
"ဖေဖေက ဘယ်တော့မြှပန်မလာတော့ဘူးတဲ့ မေမေ တိမ်လွှာလေ ဝေးထိုက်လို့ပဲ ယူဆလိုက်တော့မယ်..." တဲ့...
ချစ်စဖွယ်ကလေးငယ်ဟာ ဖခင်မေတ္တာမရရှိပဲ ကြီးပြင်းလာပေတော့မည်....
________________🍀
YOU ARE READING
Historia CortaTain Lhwar Phyu × Thitsar Khine