Chapter 1
(သူ့လက်ဖ၀ါးထက်က ရတနာ)----------------
2014ခုနှစ်၊
မြို့ပြကြီးထဲတွင် ညဉ့်နက်နေပြီး လူအတော်များများဟာ အိပ်မောကျနေလျက် ချိုမြိန်လှသော အိပ်မက်တွေထဲနစ်မြုပ်နေလေသည်။သို့သော်လည်းသူတို့၏ ဗီဇလိုအင်ဆန္ဒတွေကိုလွှင့်ထုတ်လျက် သူတို့ရဲ့ကိုယ်ပိုင်ပျော်စံရာထဲ နေထိုင်နေသောလူများလည်းရှိလေသည်။
ကျိအန်းနဥ်က လှေကားအောက်တောက်လျှောက် အသည်းအသန်ပြေးနေလေသည်။
စင်္ကြံထဲကထူထဲသော ကော်ဇော်နဲ့ဧည်ခန်းထဲရှိ ခမ်းနား သော ခရစ္စတယ်မီးဆိုင်းတွေနှင့်နှိုင်းယှဉ်လျှင် အဆောက် အအုံထဲရှိအပြင်အဆင်တွေက အများကြီးရိုးရှင်းနေလေသည်။ပေါင်းချုပ်ဆိုရလျှင် သာမန်အခြေအနေတွင်ဆိုပါက လူအချို့သည်မီးလောင်မှုကိစ္စမှလွဲလျှင် လှေကားကိုအသုံးပြုခဲလိမ့်မည်ပင်။
အဆောက်အအုံထဲရှိ မီးရောင်ကဖျော့တော့နေပြီး ကျိအန်းနဥ်၏ပါးပြင်က အပြင်းအထန်နီရဲနေသည်။
သို့သော် ကျိအန်းနဥ်သည် ဓါတ်လှေကားအားလုံးဝမသုံးခဲ့ပေ။တစ်ခြားတစ်ယောက်က အောက်ထပ် ဓါတ်လှေကားဝင်ပေါက်တွင်စောင့်နေလေသည်။ အကယ်၍ သူမသာ ဓါတ်လှေကားကိုအသုံးပြုခဲ့ပါလျှင် ထောင်ချောက်ထဲကို လမ်းလျှောက်ဝင်သွားသလိုဖြစ်နေလိမ့်မည်သာ။
သူမ၏ဒေါက်က ကွာနေသဖြင့် ရုတ်တရက်ဆိုသလို သူမခြေချင်းဝတ်လည်သွားလေသည်။ကျိအန်းနဥ်သူမရဲ့သွားတွေကိုကြိတ်လိုက်ပြီး ဒေါက်ကိုချွတ်လျက် ခြေဗလာဖြင့်တောက်လျှောက်ပြေးသွားတော့သည်။နှစ်ထပ်ကျော်ပြေးပြီးနောက် သူမအားကုန်လာသည်။သို့သော် ရုတ်တရက်အောက်ဘက်မှခြေသံတွေကို ကြားလိုက်ရသည်။သူမငြိမ်သက်သွားပြီး အလိုလိုရပ်တန့်သွားမိလေသည်။
"မြန်မြန်လုပ်.. သူမအပေါ်ထပ်မှာပဲရှိသေးတယ်.. ထွက်ပေါက်အားလုံးကလည်းပိတ်ထားပြီးသား...သူမအဝေးကြီးမပြေးနိုင်ဘူး..."
ယောင်္ကျားတစ်ရဲ့အသံကလှေကားတစ်လျှောက် ပဲ့တင်သံထပ်လျက်ရှိနေသည်။