ဆိုင်သူရဲ့အငွေ့အသက်ရှိတဲ့ မြို့လေးကို ခြေချမိရုံတင် လှိုက်ဖိုလာသည့်ရင်အစုံဟာ ထိန်းချုပ်ရန် ခက်ခဲလွန်းပါသည် ဆိုင်သူသည် ဘယ်လိုပုံစံမျိုးပဲ ဖြစ်နေပါစေ ဆိုင်သူကိုရအောင်ရှာပြီး ဒီတစ်ခါတော့ သူငယ်ချင်းမှသည် ကြင်ဖော်အဖြစ်သို့ တစ်ပါတည်းကူးပြောင်းချင်မိပါ၏ ဆိုင်သူသာ ခွင့်ပြုရင်ပေါ့ ဆိုင်သူ့က ကိုယ့်ကိုတောင်မှတ်မိပါ့မလားကွာ ကိုယ်ကတော့ တွေးမိရင်တစ်ဆုံးပဲ တကယ်ပါကွာ ဟီးး
ဘုတ် "အ့ "
" Sorry ပါ ဗျကျွန်တော်...."
" ဒီမှာ လမ်းကို ဘယ်လိုလျှောက်နေတာလဲ လူတစ်ယောက်လုံး လာနေတာတောင်မမြင်ဘူးလား ဘယ်မြင်မလဲ နေကာမျက်မှန်ကြီးတပ်ပြီးတော့ ရှေ့ကို ကြည့်မလျှောက်ပဲ အောက်ကိုကြည့်လျှောက်နေတာကို ရီလဲရီနေသေးတယ် အူကြောင်ကြောင်နဲ့ "
တောင်းပန်ချိန်တောင်မရ အရှေ့ကနေ နှုတ်ခမ်းထော်ထော်နဲ့ ဆက်တိုက် ခရားရေလွှတ်ပြောနေသောကောင်လေးကိုကြည့်ပြီး စိတ်တိုလာမိ၏ သူ့ရဲ့ပုံစံကိုကြည့်ရတာ ဘိုသီဘတ်သီနှင့် လူနှစ်ယောက်လောက်ဝင်ေနလို့ရတဲ့ hoodie အင်္ကျီအပွကြီး ဝတ်ဆင်ထားပြီး ဘောင်းဘီလည်းထိုနည်း၎င်းပင် လူခန္ဓာကိုယ်က အဝတ်အစားကြားထဲမြုပ်နေပြီး လက်ထဲတွင်လည်း တော့ပိုကီဗူးကြီးကိုင်ထားပြီး ထိုသူသည် လေဆိပ်နှင့်အိမ်မှားလာပုံပင်
" ဒီမှာ ကျွန်တော်က ဝင်တိုက်မိရင်တောင် ခင်ဗျားကမြင်တာပဲ ရှောင်ပေါ့ ပြီးတော့ဒီနေရာက အိမ်မဟုတ်ဘူး လေဆိပ်နဲ့ အိမ်နဲ့မှားလာပုံပဲ ကိုယ့်အိမ်ကိုအေးအေးဆေးဆေးပြန်ပါခင်ဗျ "
" ဒီမှာ ခင်ဗျားကလည်း ဝင်တိုက်သေးတယ် လူကိုလာပြီးတော့ ဒီမှာဗျ ကျွန်တော်အချိန်မရလို့ ခင်ဗျားသက်သာသွားတယ်မှတ်ပါ တကယ်ပါပဲ ပါပါးဘန် လာကြိုခိုင်းတဲ့သူကလည်း ဘယ်ရောက်နေမှန်း မသိပါဘူးဆို အူကြောင်ကြောင် လူနဲ့တိုက်မိသေးတယ် "
" ဒီမှာ ခင်ဗျားကျွန်တော့်ကိုပြောတာများပြီနော် လူကကြည့်တော့ လက်တောက်လောက်လေးနဲ့ လာစွာနေတယ် လုပ်လိုက်ရင် တစ်ချက်စာပဲရှိတဲ့ဟာကို စိတ်တိုတာကို မထိန်းနိုင်ရင် လက်ပါမိလိမ့်မယ်နော် တကယ်ပါပဲ ကြည်နူးနေတဲ့ အတွေးတောင် ပျက်တယ် "
YOU ARE READING
Love Point
Fanfictionပြိုင်မျဉ်းနှစ်ကြောင်းက ဖြောင့်တန်းပြီး မဆုံနိုင်ဘူးတဲ့ ပြိုင်မျဉ်းလို ဆက်ဆံနေကြတဲ့ ကိုယ်တို့နှစ်ယောက်ကရော ဆုံနိုင်မှာလား