part 4

382 39 13
                                    

" သားလေး အရင်နားပြီးမှ ပါပါးဘန်နဲ့ သွားတွေ့မလား သားကြည့်ရတာ ခရီးပန်းနေပုံပေါက်နေတယ် အရင်နားလိုက်လေ မနက်ဖြန်မှ သွားတွေ့ကြတာပေါ့ သားလိုက်ရမဲ့ အလုပ်ကိစ္စက ဒီတစ်ခေါက်က အရမ်းကြီးတော့ သားအချိန်တော့ယူရမယ်ထင်တယ် "

" ဟုတ်တယ် ဦးလေးဂျို အချိန်တော့ ယူရမယ် အခုကိစ္စက အရမ်းကြီးတယ် နောက်ကွယ်က ကြိုးကိုင်နေတဲ့ သူကို သေချာတွေ့မှ ဖြစ်မယ် မဟုတ်ရင် ဒီဆိုးလ် မြို့ ဒုက္ခရောက်နိုင်တယ်
အခုတော့ ကျွန်တော်အရငဆုံး နားလိုက်တော့မယ် ကျွန်တော် ခေါင်းလေးနည်းနည်းမူးနေလို့ ဦးလေးဂျို အိမ်ပြန်ချင်တယ်ဆိုရင် ရတယ်နော် ပြန်သွားလိုက် ကျွန်တော်အိပ်လိုက်ဦးမယ် "

" ဟုတ်ပါပြီကွယ် ဒါဆို လိုအပ်တာရှိရင် ဦးလေးကိုဖုန်းဆက်လိုက်နော် ဦးလေးချက်ချင်းလာခဲ့မယ်နော် ဦးလေးညစာပြင်ပေးခဲ့ရဦးမလား "

" ရတယ်ဦးလေး ကျွန်တော့်ကိုယ့်ဟာကိုယ် စီစဉ်လိုက်မယ် နောက်ဆံမတင်းပဲ အိမ်သေချာပြန်ပါဦးလေးရယ် ကျွန်တော် တကယ်အဆင်ပြေပါတယ် "

" ဒါဆို ဦးလေးသွားပြီနော် အိမ်တံခါးသေချာပိတ်ထားဦး လိုအပ်တာရှိရင် အချိန်မရွေးလှမ်းခေါ်လိုက်နော် ကြားလားလူလေး"

" စိတ်ချပါဗျာ ကျွန်တော်ငယ်ငယ်ကလို လေးနှစ်သားလေးမဟုတ်ပါဘူးဗျာ ကျွန်တော်လူကြီးဖြစ်နေပါပြီဗျ တကယ်စိတ်ချဟုတ်ပြီလား ကျွန်တော်အိပ်ပြီနော်  လမ်းမှာဂရုစိုက်ပြီးပြန်ဦးနော် ဦးလေးဂျို"

မိဘတစ်ယောက်လိုမျိုး ဂရုစိုက်တဲ့ ဦးလေးဂျိုလို အိမ်ထိန်းတစ်ယောက်ရတာ ကျွန်တော်တကယ်ကံကောင်းတယ် ငယ်ငယ်က ကျွန်တော် အမေရိက ကိုပြောင်းသွားတဲ့အချိန်မှာလည်း ကျွန်တော့်မှာဦးလေးဂျိုပဲရှိခဲ့တာ ကျွန်တော်သိပါတယ် အဲ့အချိန်က ကျွန်တော်အဘွားဆီ လိုက်သွားမှ ကျွန်တော့်ရဲ့ မိဘဆိုတဲ့ သူတွေက ကွာရှင်းလို့ရမှာလေ ကျွန်တော်မရှိမှ သူတို့လွတ်လွတ်လပ်လပ်နေနိုင်မှာလေ ကျွန်တော့်ကို အဖေဆိုတဲ့သူကလည်းမ။လိုချင်သလို အမေဆိုတဲ့သူကလည်း မလိုချင်ဘူးလေ ကျွန်တော့်ကို အရှုပ်ထုတ်လို့တွေးနေကြတာ ကျွန်တော်သိတာပေါ့ အဲ့အချိန် ကျွန်တော့်အနားမှာရှိနေပေးခဲ့တာ ကျွန်တော့်ရဲ့တစ်ဦးတည်းသောသူငယ်ချင်းလေးရယ် ဦးလေးဂျိုရယ်ပဲရှိခဲ့တာ
ကျွန်တော့်ရဲ့ဆိုင်သူလေးက ငယ်ငယ်ထဲက ကျွန်တော့်ကိုနွေးထွေးပေးခဲ့တာ ဒါတွေကြောင့်ပဲ သူငယ်ချင်းလို့သတ်မှတ်ပြီး စိတ်ထဲမှာ စွဲထင်သွားပေမဲ့ သူငယ်ချင်းထက်ပိုချစ်မိမှန်း ကျွန်တော်ကြီးလာလေ သိလာလေပဲ တကယ့်ကို ဖြူစင်တဲ့ကလေးလေးဗျာ ဒီနေ့အိမ်ပြန်လမ်းမှာ ကျွန်တော် ဆိုင်သူလေးအကြောင်းစဉ်းစားမိတယ် ဆိုင်သူလေးအခုဆို ဘယ်မှာများရှိနေမလဲ ငယ်ငယ်က နေရာမှာပဲလား ဒါမှမဟုတ်ပြောင်းသွားပြီလား ပိုင်ရှင်များရှိနေလေမလား အရမ်းတော်တဲ့ လူတော်လေးတစ်ယောက်ပဲဖြစ်နေလေမလား ကျွန်တော်ဆိုင်သူ့ကို တွေ့ချင်လွန်းလို့သာ ကျွန်တော်ဆိုးလ်ကိုရောက်လာတာ တကယ်တမ်းတော့မလွယ်ကူဘူးဗျ နာမည်ကလွဲပြီး ဘာမှမသိတဲ့လူတစ်ယောက်ကို ရှာဖို့ဆိုတာ သာမန်လုပ်နေကျနေလို လွယ်ကူနေတာမှမဟုတ်တာ ဘာမှမသိလဲ ချစ်တာပဲသိတယ် ငယ်ဘဝထဲက စတင်လာတဲ့အချစ်က အများအမြင်မှာတော့ ကလေးစိတ်ကြောင့် ဘာမှမစစ်မှန်ဘူး ကြာရင်မေ့သွားကြမှာ ဆိုပေမဲ့ ကျွန်တော့်လို နှစ်ဆယ့်ငါးနှစ်လုံးလုံး တစ်ယောက်တည်းကိုပဲ စွဲစွဲလမ်းလမ်းရှိခဲ့တာလို့ပြောရင်ရော အတုအပပဲလားဗျ

____________________________

" ဘန်ပါပါး ကျွန်တော်တို့ရဲ့လိုက်ရမဲ့ ကိစ္စကကြီးတယ်နော် စိတ်ချရတဲ့သူ‌ေတွရှိဖို့လိုတယ် ပြီးတော့ တိတ်တဆိတ်လိုက်ရမယ် ဒီကိစ္စမှာပါဝင်တဲ့သူတွေကိုလည်း ဘယ်သူ့ကိုမှ မသိစေချင်ဘူး"

" စိတ်ချရတဲ့သူဆိုရင်တော့ ကင်မ်လေးရှိတယ်ကွ သူကအလုပ်လုပ်တာ သေချာတိကျမှု့ရှိတယ် လျှိုလည်းလျှို့ဝှက်တယ်ကွ မင်း ကင်မ်လေးနဲ့ လက်တွဲပြီးလုပ်ကြည့်ပေါ့ မင်းတို့ကောင်းကောင်းလုပ်နိုင်မယ်ထင်တယ် "

" ကျွန်တော်တို့ကို လေဆိပ်မှာ လာကြိုတဲ့တစ်ယောက်လား သူဆိုရင်တော့အဆင်မပြေဘူးနော် နှုတ်သီးခေါင်းလျှာပါးနဲ့ ကတ်ကတ်လန်အောင်လည်းရန်တွေ့တတ်သေးတယ် "

" ကင်မ်လေးကအဲ့လိုပဲကွ သူကသွက်ပါတယ် မင်းသူနဲ့အလုပ်လုပ်ကြည့်ရင် သဘောကျသွားလိမ့်မယ် "

" ကျွန်တော်က သူ့ကိုဘာလို့သဘောကျရမှာလဲ ဘိုသီဘတ်သီနဲ့ ‌နေတာကလဲ ကျွန်တော်သဘောမတူဘူးနော် ကန့်ကွက်တယ် သူနဲ့အလုပ်လုပ်ဖို့ကို "

" ဘယ်သူကရော ခင်ဗျားနဲ့လုပ်ချင်ပါတယ်ပြောလို့လဲ ရာရာစစသူ့ကိုယ်သူ ဘာများထင်နေလဲမသိဘူး"

" မင်းက ဘယ်လိုရောက်လာတာလဲ ဝင်လာရင် တံခါးခေါက်ရမယ်ဆိုတာ မင်းမသိဘူးလား မလောက်လေးမလောက်စားနဲ့ "

" ငါခေါ်ထားတာ Jk ရဲ့ မင်းနဲ့မိတ်ဆက်ပေးမယ် ရန်မဖြစ်ကြနဲ့တော့ ကလေးတွေကြနေရောပဲ "

" ခင်ဗျားကြားတယ်နော် ပါပါးပြောတာ ကျွန်တော့်ကို ပါပါးခေါ်ထားတာ ကျွန်တော်က ကိစ္စရှိလို့လာတာ ခင်ဗျားလို အတင်းပြောမနေဘူး "

" ဘယ်သူက အတင်းပြောနေလို့လဲ မင်းမမြင်ဘူးလား အလုပ်ကိစ္စပြောနေတာ "

" ကဲ တော်ကြပါတော့ ငါမိတ်ဆက်ပေးပါမယ်ဆို ခနလေး ဖုန်းလာနေလို့ ခနစောင့် ပြန်လာခဲ့မယ် ကင်မ်လေး ရန်မဖြစ်နဲ့တော့နော် "

" ဟုတ်ကဲ့ပါ ပါပါး "

________________________________________

ကင်မ်လေးနဲ့ မိတ်ဆက်ပေးတော့မယ်နော် ကင်မ်လေးက ဘယ်သူလေးများလဲ ဒါဒါလေးတို့သိကြလား ဖြေခဲ့ကြဦး ပြီးတော့ အခုအပိုင်းတွေမှာ Jk ရဲ့အလုပ်ကဘာအလုပ်လဲ ဆိုတာ ထည့်မရေးသေးဘူးနော် တစ်ဖြေးဖြေးနဲ့ဒါဒါလေးတို့သိအောင်ထည့်ရေးမှာပါဗျ 😘😘😘





You've reached the end of published parts.

⏰ Last updated: Feb 05 ⏰

Add this story to your Library to get notified about new parts!

Love Point Where stories live. Discover now