အိုး ညနက်ကြီးလွမ်းမိပြန်ပြီ။
အင်းဒီလိုညနက်တွေမှာ မငိုကြွေးရတာ နှစ်နဲ့ပါကြာပြီကို။
မလွမ်းတော့တာမဟုတ်ဘူးနော်။မေ့သွားယောင်ဆောင်ကြည့်တာပါ။ ဒါပေမယ့်လည်း ဒီနှလုံးသားက ဒီဘူတာမှာ သက်ဆင်းပေးရတာပါပဲ။
အချစ်လို့ခေါင်းစဥ်တပ်ခွင့်မရှိတဲ့ဆက်ဆံရေးတစ်ခုကို ကိုယ်တိူင်ဖြတ်လိုက်တဲ့ကျွန်မအတွက်နာကျင်မှုတွေကသွေးအလိမ်းလိမ်းပဲ။
အစားထိုးဆိုတာတွေဟာ အချစ်မှန်ရင်တောင် မတမ်းတမိတော့တာမျိုးမလား။
ရှင်ကွဲတောင်မဟုတ်တဲ့ ခွဲခွာခြင်းမှာ ကျွန်မဘယ်စည်းကရပ်နေခဲ့တာလဲ။ ကျွန်မမှာ နာကျင်ရလွန်းလို့ အသက်တောင်မရှူနိုင်ဖြစ်နေခဲ့ရတာလေ။ ကျွန်မရဲ့အတွေးတစ်စတစ်နမှာတောင် ရှင်ဟာ ကိုးစားဝင်ရောက်နိုင်တဲ့ထိစွမ်းတယ်။ ရှင်ရောက်လာတဲ့ကာလတစ်လျှောက်မှာ ကျွန်မအတွက် ပျော်ရွှင်မှုတွေပဲဆို ထားသွားတော့ရော ဘယ်မှာလဲ ပျော်ရွှင်မှု။ ကျွန်မ ရှင့်ကိုလွမ်းတယ်။ ချစ်တယ်။ ဖက်ထားချင်တယ်။ ဒါပေမယ့် မစွမ်းနိုင်ဘူး။မဟုတ်ဘူး လုပ်ဆောင်ခွင့်မရှိတော့တာ။ ရှင်ကထွက်သွားချိန်မှာတောင် တစ်ချက်တွေဝေမနေခဲ့ဘူးဘဲ။ ထာဝရဆိုတာကို ကိုးကွယ်တဲ့မိန်းမတစ်ယောက်က သေဆုံးခြင်းတွေကိုရွံရှာနေပြီ။သိရဲ့လား။ ရှင်ကကြယ်ဖြစ်ခွင့်မရှိဘူး ။ ရှင်ကသိပ်ရက်စက်တာပဲ။ ကျွန်မကိုတစ်ယောက်တည်းထားသွားရတာပျော်တယ်မလား။ ဒီလိုမာနတစ်ခွဲသားမိန်းမကိူလေ။ ရှင်ထွက်သွားပြီးတဲ့နောက်မှာ လောကကြီးက ကျွန်မကိုအချစ်စမ်းသတဲ့လေ။ အချစ်ဆိုတာတွေနဲ့ထိတွေ့ခွင့်ပေးတယ်။ တစ်ဖက်သတ်ဆိုတာတွေကအစပေါ့။ ရှင်သိလား ရှင်မရှိတဲ့နောက်ကျွန်မသိပ်နာကျင်နေရတာကိုလေ။ ကျွန်မသာပျောက်ကွယ်သွားရမှာလေ။ ကိုယ်ချစ်ရသူ ပျောက်ကွယ်သွားတာကို ပြုံးပြီးကြည့်နေခဲ့တဲ့မိန်းမကသာပျောက်ကွယ်သင့်တာလေ။ ကျွန်မရဲ့မျက်ရည်တွေနဲ့သီတဲ့စာကို ရှင်ဖတ်ခွင့်မရတော့ဘူး။ ဒါက ကျွန်မရဲ့ဝဍ်ကြွေးပဲ ။ မကြေပါစေနဲ့တော့ ဘယ်ချစ်ခြင်းတရားမှ ကျွန်မကို မစနောက်ပါနဲ့တော့ ကျွန်မတကယ်ပင်ပန်းနေပြီ။
ပျောက်ကွယ်ခွင့်ပေးပါ။ချစ်သောရေ
#ဆူးနစ်
#နာကျင်မှုအပိုင်းအစများ
YOU ARE READING
နာကျင်မှုအပိုင်းအစများ နာက်င္မႈအပိုင္းအစမ်ား