အကြင်နာတရားတွေကို အစပျိုးခဲ့တာရှင်ပါ..။
ဆက်ချစ်ခဲ့တာတော့ကျွန်မပေါ့..။
ထားရစ်ခဲ့တာလည်း ရှင်ပါ...။
ကျန်ရစ်ခဲ့တာတော့ ကျွန်မပေါ့...။
ကျွန်မက ရှင်ထားရစ်ခဲ့တဲ့ ရပ်ဝန်းလေးထဲမှာ
ခုထိယောင်လည်လည်လေးဖြစ်နေတုန်းပဲ။
သိပ်ချစ်ပြတတ်တဲ့ ရှင်ဟာ ကျွန်မကိုနာကျင်စေခဲ့တာမယုံနိုင်ဘူး။
အမှတ်မရှိဘဲ ကျွန်မသာပိုချစ်ပေးရင်ဆိုပြီးဆွဲထားခဲ့တာ
ပိုမျှော်လင့်ခဲ့တဲ့ ကျွန်မပဲ...ပိုနာကျင်ရတယ်။
ရှင်ဟာအကြင်နာရပ်ဝန်းကိုလွင့်စင်သွားတော့
ကျွန်မက ရှင်ထားခဲ့တဲ့နေရာလေးမှာ ကြောင်တောင်တောင််လေး စောင့်နေတုန်းပဲ။
ရှင်များ အမှတ်တမဲ့ ပြန်လာမလားဆိုတဲ့ စိတ်နဲ့ပေါ့။
ရပ်ဝန်းပြတ်ပျယ်တည်းက သိလိုက်ရတာက
ကျွန်မကသာတစ်ယောက်တည်းရူးနေသေးတာ။#ဆူးနစ်
#နာကျင်မှုအပိုင်းအစများ
YOU ARE READING
နာကျင်မှုအပိုင်းအစများ နာက်င္မႈအပိုင္းအစမ်ား