'HI မမ'
ထမင်းစားခန်းထဲဝင်လာတဲ့မိုးကိုအားရဝမ်းသာစွာလက်ပြနှုတ်ဆက်နေတဲ့ မိုးပွင့်
'မိုး နေ့လည်စာစားတော့မလား'
'အင်း'
'မမ စားမလား'မိုးပွင့်ကသူ့ပန်းကန်ထဲကကြက်အူချောင်းကိုခရင်းနဲ့ထိုး မိုးကိုလှမ်းကျွေးသည်
'စားစား ကိုယ့်ဘာသာဝအောင်စား'
မိုး အန်တီယဥ်တို့သားအမိကိုအရင်လောက်တော့မမုန်းတော့ပေ ဒါကလဲတီချယ်ချတဲ့တရားတွေကြောင့် အမုန်းတရားတွေလျော့နည်းလာခဲ့တာမဟုတ်လား
'ဒီနေ့ချယ့်ကိုပြန်လိုက်မပို့ပါလား'
'အင်း တီချယ်ကမပို့တော့နဲ့ဆိုလို့'
'ဪ အဲ့တာကြောင့်လား မသိပါဘူး အန်တီက မိုးလေးနဲ့ချယ်တစ်ခုခုဖြစ်ကြတယ်ထင်တာ'မိုး ရှေ့ကိုထမင်းပွဲချပေးရင်း အန်တီယဥ်ကမေးသည်
'ဘာမှမဖြစ်ပါဘူး ဘာလို့လဲ'
'ဘာမှမဟုတ်ပါဘူး ချယ့်မျက်နှာအမူရာကတစ်မျိုးဖြစ်နေပြီး ကျားလိုက်သလိုအမြန်ပြန်ပြေးသွားတော့တစ်ခုခုများဖြစ်လို့လားလို့'
'မသိဘူး တီချယ်ဘာဖြစ်နေမှန်း'အတွေးများနဲ့ထမင်းကိုစားကာ အပေါ်ထပ်အခန်းဆီပြန်တက်ခဲ့သည် ပျင်းကလဲပျင်းနေတာမို့ ရုပ်ရှင်ကြည့်ဖို့ကြံရွယ်လိုက်သည် သို့ပေမဲ့လဲအားလုံးကကြည့်ပြီးသားတွေဖြစ်နေပြန်တော့စိတ်ကမပါ
'ပုံဆွဲတာပဲကောင်းပါတယ်'
ပန်းချီစာအုပ်ထားရာစင်ဆီသို့ လျှောက်လှမ်းလာခဲ့သည်
'ဟင်'
မိုးရဲ့ပန်းချီစာအုပ်ထားသည့်ပုံစံပျက်နေသည် တစ်ယောက်ယောက်ယူဖွင့်ကြည့်ထားတာဖြစ်နိုင်သည် အန်တီယဥ်ကလဲဒီအခန်းထဲကို သန့်ရှင်းရေးလုပ်ပေမဲ့ ပစ္စည်းတွေကိုထိမည်မဟုတ် မနက်ကလေးတင်ပုံစံအမှန်ပဲဟာကို မဟုတ်မှ
'တီချယ်မြင်သွားပြီလား?'
ချယ် မြင်တွေ့ခဲ့ရတာတွေကအမှန်လားအမှားလားဆိုတာကိုမဝေခွဲနိုင်လောက်သည်အထိ ဆွံ့အနေလေပြီ
'မဟုတ်ဘူး မဖြစ်နိုင်လောက်ပါဘူး ငါတို့ ငါတို့ကမိန်းမချင်းလေ မိန်းမတစ်ယောက်ကတစ်ခြားမိန်းမတစ်ယောက်ကိုချစ်ဖို့ဆိုတာမဖြစ်နိုင်တဲ့ကိစ္စပဲ ငါဒီတစ်လောသူ့အပေါ်ဂရုစိုက်ပေး ကောင်းပေးတာတွေကြောင့်သူငါ့အပေါ်မှီခိုအားကိုးလာချင်တဲ့စိတ်ကို သူအချစ်လို့ခေါင်းစဥ်မှားတပ်လိုက်တာဖြစ်မယ် အင်း အဲ့တာပဲဖြစ်နိုင်တယ် ဆင်ခြင်ရမယ် ဒီ့ထက်အခြေနေပိုမဆိုးခင် ငါအနေထိုင်ဆင်ခြင်မှဖြစ်မယ်'
YOU ARE READING
တွဲသောလက်မြဲစေ မြဲသောလက်ခိုင်မာစေ
Romanceမြဲမယ်ထင်တဲ့လက်ကိုတို့တွဲခဲ့တာမဟုတ်ဘူး တွဲမဲ့လက်ကလေးကိုပဲ တို့ မြဲစေချင်တာ ပြီးတော့တို့တွဲချင်တာကလဲ မင်းရဲ့လက်ကိုပဲ