အပိုင်း၁

15 1 0
                                    

သုံဟွာ ကျင်ကျောက်ပြောလိုက်သည်ကို အံ့ဩလျက် မယုံကြည်နိုင်ဖြစ်သွားလေသည်

နတ်ဘုရားတစ်ပါး၏ နှုတ်မိန့်ကို လူပုံအလယ်တွင် မေးခွန်းထုတ်ခြင်းသည် အလွန်ရဲတင်းလှသော အပြုအမူပင်

ထိုသာမက သူမ နတ်ဧကရာဇ်နာမည်ကိုပါ အသုံးပြုနေသေးသည်

ထို့ကြောင့် သုံဟွာသည် ကျီးယွမ်ဒီထက်ပိုပြီး ပြဿနာထပ်မရှာနိုင်ခင်

"မင်းသမီးကျင်ကျောက် နတ်မင်းကျီးယွမ်က နတ်ဘုရားမဟုန့်ချီကို အပြစ်ပြုမိတာ နတ်မင်းအားလုံးက မျက်မြင်ပါ နတ်မင်းကျီးယွမ် ဒီလိုအပြစ်ပေးခံရတာက မှန်ကန်သင့်လျော်ပါတယ်"

သုံဟွာ၏စကားကိုကြားသော် ကျင်ကျောက်မျက်ဝန်းများသည် ဒေါသရိပ်များလွှမ်းမိုးလာလေသည်

သူမပြန်ပြောမည်အလုပ် သူမလက်ကောက်ဝတ်အား နောက်မှ တစ်စုံတစ်ယောက်က လှမ်းဆွဲလေသည်

သူမလှည့်ကြည့်လိုက်တော့ ကျင်းကျန်

ကျင်းကျန်သည် သုံဟွာအား လေးစားစွာဖြင့် အရိုအသေပြုလျက်

"အကြီးအကဲနတ်မင်းသုံဟွာ ကျင်ကျောက်က ငယ်သေးတော့ လောကကြီးအကြောင်းတွေ မသိနားမလည်သေးလို့ပါ အကြီးအကဲနတ်မင်း ဗွေမယူပါနဲ့"

ဟုန့်ချီ၏ နတ်ဘုရားရာထူးသည် သုံးလောကက အသိအမှတ်ပြုလက်ခံထားကြပြီးဖြစ်သည်

ကျင်ကျောက်၏နောက်တွင် နတ်ဧကရာဇ် ဧကရီ နှစ်ပါးလုံးရှိနေသည်တိုင် နတ်ဘုရားတစ်ပါး၏နှုတ်မိန့်တော်ကို မေးခွန်းထုတ်ခြင်းသည် လောကတွင်တည်ရှိနေသော နတ်ဘုရားလေးပါးလုံး၏အာဏာ စွမ်းအင်ကို စောဒကတက်ခြင်းပင်

ဤအကြောင်းကို ဟုန့်ချီသာ သိရှိသွား၍ ကျင်ကျောက်ကို အပြစ်ပေးချင်သည်ဆိုလျှင် မင်းသမီးတစ်ပါးဖြစ်စေကာမူ ခမည်းတော်အနေဖြင့်လည်း တားဆီးနိုင်မည်မဟုတ်ပေ

ကျင်ကျောက်သည် မကျေနပ်နိုင်သော မျက်နှာဖြင့် ကျင်းကျန်အား ကြည့်သော်လည်း သူမလက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော ကျင်းကျန်ကြောင့် နောက်ပြန်ဆုတ်လိုက်လေသည်

Ancient love poetry(Myanmar translation) Where stories live. Discover now