"ပြီးပြည့်စုံတဲ့အိမ်ထောင်ရေး , ဟာအို့အတွက် အားကိုးရတဲ့ယောင်္ကျားကောင်း , ကလေးအတွက် ဂုဏ်ယူရမယ့်အဖေကောင်း တစ်ယောက်ဖြစ်ဖို့ ယုံကြည်ချက်ရှိတာမို့ ...."
".........."
"ကိုယ်တို့ လက်ထပ်ကြရအောင်"
လက်နှစ်ဖက်ကို ချုပ်ထားလို့ ရုန်းကန်နေတဲ့ ဟာအိုက ငြိမ်ကျသွားရင်း ဟန်ဘင်း မျက်လုံးတွေကို စိုက်ကြည့်လာခဲ့သည် ...
"ဟင့်အင်း...."
သူထင်ထားတဲ့အတိုင်း ဟာအိုက ငြင်းလာခဲ့တာမို့ ဟန်ဘင်းပြုံးကာ နဖူးကို အသာဖိကပ်နမ်းလိုက်သည်...
"ကိုယ်ကလဲ အခုပြောတာမဟုတ်ပါဘူး... ကိုယ့်ကို မယုံကြည်သေးဘူးဆိုတာ ကိုယ်သိတာမို့.... ဒါပေမယ့် ဟာအို စောင့်ကြည့်ပေးပါ ... ကိုယ် ဟာအို့ကို စိတ်မချမ်းသာစရာ လုံးဝမဖြစ်စေရအောင် ထားပေးမှာမို့ ကြောက်စိတ်တွေ ဘေးဖယ်ပြီး ကိုယ့်စိတ်ကို မြင်အောင် ကြည့်ပေးပါ"
မျက်လုံးကို စိုက်ကြည့်ကာ ဖြေးဖြေးနဲ့ ငြင်ငြင်သာသာ ပြောနေတဲ့ ဟန်ဘင်းစကားကြောင့် ဟာအို့နှလုံးခုန်သံတွေ ဗြောင်းဆန်လာသလို ခံစားလိုက်ရပြီး မျက်နှာကလဲ ပူရှိန်းရှိန်းဖြစ်လာသလိုပင် ....
"ဟာအို ..."
"အင် ဟင်?"
"ရှက်နေတာပဲ ကိုယ့်အမျိုးသားလေးက"
ဒီဆောင်းဟန်ဘင်း ... ရှက်နေတာကို မသိချင်ယောင်ဆောင်လေ.... မင်းအဲ့လို ပေါ်တင်ပြောတော့ ပိုရှက်တာပေါ့ဟ!
"ရှက်ရအောင် ဘယ်သူက ဘာကိစ္စရှက်ရမှာလဲ! မင်း .. ငါ့လက်ချုပ်ထားတာ ဖယ်ပြီး ဟိုဘက်ကိုတိုး ..."
"ဟာအို့ကို နမ်းချင်တယ် "
ပြောနေတဲ့စကားတောင်မဆုံးသေး ဟန်ဘင်းရဲ့စကားကြောင့် ဟာအို့မှာ မျက်လုံးအဝိုင်းသားနဲ့ အံ့ဩရပြန်ပြီ
"မရဘူး ..."
"ဟာအိုရယ်... တစ်ခေါက်ပါပဲ"
"ခုနကလဲ နမ်းပြီးပြီကို ... မရဘူးဆို မရ.... အွန့်.."