အပိုင်း [[ 1 ]]

681 31 2
                                    

Unicode

စိမ်းလန်းစိုပြေနေသောသစ်ပင်များသည်နေရာတိုင်းတွင်တည်ရှိနေပြီး နေရောင်သည်
ရံဖန်ရံခါ အကိုင်းအခက်များကြားမှ စိမ့်ဝင်သွားကာမြေပြင်ပေါ်တွင် ငွေရောင်အလင်းစက်များရိုက်နှိပ်လို့ထားသည်။ ထို့​နောက် မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်သွားသည်။

ဤနေရာသည်မုဆိုးများမှလွဲ၍ လူအနည်းငယ်သာခြေချသော ရှီယွမ်တောင်၏အနက်ရှိုင်းဆုံးနေရာဖြစ်သည်။

ဤအခိုက်တွင် သမင်တစ်ကောင်ကိုလိုက်ဖမ်းနေသော ရန်ရှီဖုန်းသည် ရုတ်တရက်,ရပ်လိုက်ပြီး ရှေ့ကိုစိုက်ကြည့်ရင်းညာလက်ကဆုပ်ကိုင်ထားသောလေးနှင့်မြှားကလွတ်ကျသွားပြီးမျက်လုံးတို့ပြူးကျယ်သွားသည်။

ရန်ရှီဖုန်းကသူ့မှာအံ့ဩစရာတွေဖြစ်နေတယ်လို့ ခံစားရတယ်၊ မဟုတ်ရင်သူလိုက်နေတဲ့ သမင်ကရုတ်တရက်ပျောက်သွားပြီး နတ်သမီးလေးတစ်ယောက်နဲ့ အစားထိုးသွားသနည်း။

ပျော့ပျောင်းတောက်ပနေသောဆံပင်ရှည်များသည် ပုခုံးပေါ်တွင်ဝဲကျနေပြီး ဖြူဖွေးတောက်ပြောင်သောအသားအရည်နှင့် နူးညံသောမျက်နှာအသွင်အပြင်ရှိသည်။ အထူးသဖြင့် နက်နဲပီးကြည်လင်သောမျက်လုံးတစ်စုံက လှပလှသည်။ ဝဲကတော့ကြီးလို လူတွေကိုစုပ်ယူနိုင်သည်။

သေချာတာတော့ အရမ်းလှတယ် !

ရန်ရှီဖုန်းသည် ဤမျှချောမောလှပသောအမျိုးသမီးတစ်ဦးကို တစ်ခါမှမမြင်ဖူးသေးပေ။ ထိုကဲ့သို့သောအမျိုးသမီးသည် ကောင်း
ကင်မှနတ်သမီးလေးလားဟုတွေးကြည့်မိသေးသည်။

ရှီယိသည်စကားမပြောဘဲ သူ့ရှေ့ကထူးဆန်းတဲ့လူကို တိတ်တဆိတ်စိုက်ကြည့်နေမိသည်။
ဒီအချိန်မှာ သူမစိတ်တွေအနည်းငယ် မိန်းမောနေမိသည်။ သူမသည်ဖုတ်ကောင်တွေအဝိုင်းခံခဲ့ရမှန်းရှင်းရှင်းလင်းလင်းမှတ်မိနေခဲ့သည်။
အားအင်တွေဆုတ်ယုတ်ပြီး သေရသည့်ခံစားချက်ကို သူမဘယ်တော့မှမမေ့နိုင်ချေ။

ဖုတ်ကောင်တွေ၏အဆိပ်အတွက် အဆိပ်ဖြေဆေးမထုတ်ရသေးသောကြောင့် သူမကယ်တင်ခြင်းမခံရကြောင်း 100 % သေချာသည်။ သူမသည် သေချာပေါက်သေရပေလိမ့်မည်။ သို့သော်သူမမျက်လုံးပြန်ဖွင့်သော
အခါတွင် အဘယ့်ကြောင့်ဤနေရာတွင်ရှိနေရသနည်း။

တောင်သူလယ်ယာသမားတော်  [ မြန်မာဘာသာပြန် ]Where stories live. Discover now