" ရှီဖုန်း မင်းဒီနေ့ အမဲလိုက်ဖို့ တောင်ပေါ်တက်ခဲ့တာလား "
ရန်ရှီဖုန်းက ခေါင်းညိတ်လိုက်ပြီး သူမနက်မိုးလင်းမှ ထွက်သွား၍ဒုတိယအဒေါ်ကရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
စုန့်ယန်ဟွသည် အခန်းထဲသို့ မျက်လုံးဝေ့ပြီးကြည့်လိုက်သည်။ သူမမြင်ချင်သော အရာကို မတွေ့ရပေ။
"ဒါဆိုမင်းရဲ့သားကောင်ကိုဘာလို့မတွေ့ရတာလဲ "
ယနေ့နံနက်တွင် လေးနှင့်မြှားဖြင့် တောင်ပေါ်သို့ တက်သွားသည်ကို သူမတွေ့လိုက်ရသည်။ ဟုတ်တယ်။ အဲဒါအမဲလိုက်သွားတာဖြစ်မည်။ဒါ့ကြောင့် အိမ်မှာ စောင့်မျှော်နေခဲ့သည်။ အများအားဖြင့်တော့ တူဖြစ်သူက အမဲလိုက်သွားတဲ့အခါ သူ့မိသားစုအတွက် သားကောင်တချို့ ပြန်ယူလာပေးပေမယ့် ဒီနေ့တော့ မစောင့်နိုင်တော့ဘဲ လာခဲ့ခြင်းဖြစ်သည်။
" ဒုတိယအဒေါ် ဒီနေ့တောင်ပေါ်မှာ တစ်ခုခုဖြစ်သွားတာ ၊ ငါသားကောင်မရခဲ့ဘူး "
စုန့်ယန်ဟွသည် တခဏမျှ ထိတ်လန့်သွားပြီး သူမနှလုံးသားထဲမှ နက်ရှိုင်းသော စိတ်ပျက်မှုတို့ ထွက်ပေါ်လာသည်။ သူတို့သည် အသားကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေပြီး မစားရလျှင် အဆင်မပြေဖြစ်ခဲ့သည်။ များသောအားဖြင့် သူတို့မိသားစုက အသားဝယ်ဖို့ ဝန်လေးကြသည်။ အခု အသားမစားရတာ နှစ်ရက်ရှိပြီမို့ လောဘကြီးမိသည်။
ဒီနေ့ အသားစားရမယ်လို့ သူမထင်ခဲ့ပေမယ့် သားကောင်ရမလာဘူးလို့ ဘယ်သူသိမလဲ။
စုန့်ယန်ဟွက သူ့ပါးစပ်မှ တွန့်ဆုတ်စွာ ထပ်မေးခဲ့သည်။
" ရှီဖုန်း မင်းတကယ်မရခဲ့တာလား "
ရန်ရှီဖုန်းပြောတာကို ဒုတိယအဒေါ်က မယုံပေ။ ဒုတိယဦးလေးနှင့် သားသမီးမည်မျှရှိသည်ကို ထောက်၍ ဒုတိယဦးလေး၏မိသားစုကို ကေုင်းမွန်စွာ ဆက်ဆံပေးမည်။ ဒတိယအဒေါ်ကိုလျစ်လျူရှုလိုက်မည်။
" ဒုတိယအဒေါ် ဒီနေ့တကယ်မရခဲ့တာ၊ မနက်ဖြန်သွားလိုက်မယ်၊ သားကောင်ကို သေချာပြန်ယူခဲ့မယ် "
ထိုစကားကိုကြားပြီးနောက် စုန့်ယန်ဟွ၏မျက်နှာသည် များစွာတိုးတက်လာခဲ့ပြီး ယနေ့တွင်စားရန် အသားမရှိဟူသော အချက်ကိုလက်ခံလိုက်သည်။
YOU ARE READING
တောင်သူလယ်ယာသမားတော် [ မြန်မာဘာသာပြန် ]
Romanceဇာတ်လမ်းအကျဥ်း- ရှီယိသည် တစ်စက္ကန့်မျှ သူမကိုဖုတ်ကောင်တစ်ကောင်က ကိုက်လိုက်ပြီးနောက် မမျှော်လင့်ထားဘဲ နောက်တစ်စက္ကန့်တွင် ရှေးခတ်သမိုင်းစာအုပ်များထဲသို့ ရောက်သွားပြီး ဆင်းရဲသောတောင်ရွာမှ တုံးအသောလူတစ်ဦး နှင့် တွေ့ဆုံခဲ့သည်။ နောက်ဆုံးမှာသူမဟာ ဒီအရူးန...