ရန်ရှီဖုန်းသည် ထိုအသီးအရွက်များကို နတ်သမီးလေးက မသိကြောင်းတွေ့ရှိခဲ့ပြီး သူမသည် လူ့အစာမစားသော မိန်းမပျိုဖြစ်မည်ဟု လျှို့ဝှက်စွာခန့်မှန်းခဲ့သည်။
ဤကမ္ဘာပေါ်တွင် နတ်သမီးများမရှိသည်ကို သူသိသည်။ နတ်သမီးနဲ့တူတဲ့ ဒီအမျိုးသမီးဟာ တကယ့်ကိုလူသားတစ်ယောက်ဖြစ်ပေမယ့် စိတ်ထဲမှာတော့ သူမဟာနတ်သမီးလေးတစ်ယောက်လို့ တိတ်တဆိတ်တွေးနေတုန်းပါပဲ။
ရန်ရှီဖုန်းက အသီီးအရွက်တွေကောက်ရင်း ရှီယိကို ရှင်းပြလေ၏။
" ရွှံ့ပေနေတဲ့အလုံးက အာလူး၊ ဒီအစေ့လေးတွေက ငရုတ်ကောင်း၊ ဟိုဘက်ကရှည်ရှည်လေးက ခရမ်းသီး "
ဟင်းသီးဟင်းရွက်စိုက်ခင်းရှိ ဟင်းသီးဟင်းရွက်အားလုံးကို ရှီယိအားမိတ်ဆက်ပေးပြီးနောက် ခြင်းတောင်းထဲတွင် ဟင်းသီးဟင်းရွက်များ၊ အာလူး၊ ခရမ်းသီးနှင့်ခရမ်းချဥ်သီး အမြောက်အများကို ကောက်ထားပြီးဖြစ်သည်။ သူမကိုပိုကောင်းကောင်းစားစေချင်ပေမယ့် ကံမကောင်းစွာပဲ အိမ်မှာအသားမရှိသလို ဒီနေ့လည်းသားကောင်မဖမ်းမိပေ။ မဟုတ်ရင် နတ်သမီးလေးစားဖို့ အသားချက်ပေးနိုင်သည်။
ရန်ရှီဖုန်းကသူ့နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း မနက်ဖြန်တောင်ပေါ်ကိုပြန်သွားပြီး ယုန်ရိုင်းတစ်ကောင်ဖမ်းကာ ယုန်သားချက်ဖို့တွေးမိသည်။
ရန်ရှီဖုန်းသည် ရှီယိကိုမီးဖိုချောင်သို့ ခေါ်ဆောင်သွားပြီး ရှီယိထိုင်ရန်အတွက် ခုံတန်းရှည်တစ်ခုကို ယူကာချက်ချင်း စတင်ချက်ပြုတ်သည်။
သူသည် ကြောင်အိမ်ကို ဦးစွာဖွင့်၍ ဆန်လုံးညိုအိတ်မှဆန်လုံးညိုတစ်ပန်းကန်ကို ယူပြီးအိုးထဲသို့ လောင်းထည့်မည်ကြံစဥ် သူ့လက်လှုပ်ရှားမှုများ ရုတိတရက်ရပ်တန့်သွားသည်။
ရှီယိကိုပြန်ကြည့်ရင်း ရန်ရှီဖုန်းသည် ဆန်လုံးညိုကိုပြန်လောင်းထည့်လိုက်ကာ ဆန်ချောအိတ်ထဲမှဆန်ချောတစ်ပန်းကန်ကို ထုတ်ယူလိုက်သည်။
နတ်သမီးလေးဟာ သူ့အိမ်ကိုပထမဆုံးရောက်ဖူးခြင်းဖြစ်ပြီး အရသာရှိတာတစ်ခုခု ချက်ပြုတ်သင့်သည်။ ဆန်လုံးညိုကိုမချက်တော့ပေ။
YOU ARE READING
တောင်သူလယ်ယာသမားတော် [ မြန်မာဘာသာပြန် ]
Romansaဇာတ်လမ်းအကျဥ်း- ရှီယိသည် တစ်စက္ကန့်မျှ သူမကိုဖုတ်ကောင်တစ်ကောင်က ကိုက်လိုက်ပြီးနောက် မမျှော်လင့်ထားဘဲ နောက်တစ်စက္ကန့်တွင် ရှေးခတ်သမိုင်းစာအုပ်များထဲသို့ ရောက်သွားပြီး ဆင်းရဲသောတောင်ရွာမှ တုံးအသောလူတစ်ဦး နှင့် တွေ့ဆုံခဲ့သည်။ နောက်ဆုံးမှာသူမဟာ ဒီအရူးန...