Part - 7

433 80 11
                                    

ℍ𝕚𝕤 𝕊𝕒𝕧𝕚𝕠𝕣

Ep - 7

"ဟိုလေ...ကိုကို "

"ပြော "

"အိမ်မက်ဖတ်တာ ကျွန်တော်ရော သင်ကြည့်လို့မရဘူးလား "

"အစွမ်းရှိမှ ရတာ အရူးလေးရဲ့ "

"ဟွန့်!"

မှတ်ဉာဏ်ဆောင်ထဲတွင်ဖြစ်သည်။ အရေးကြီးသလောက် အန္တာရယ်လည်း များတဲ့ မှတ်ဉာဏ်ဆောင်ထဲကို အပြင်လူ ခေါ်မသွင်းရဘူးလို့ တားမြစ်ထားတာလည်း သူပေမယ့် ကောင်လေးအား အရင်ဆုံး ဒီကို ခေါ်လာခဲ့တော့လည်း သူပါပဲ။

ခြေထောက်လေးတဖက်အားဆောင့်ကာ ဟွန့်ခနဲလုပ်သည့် ပေါက်စကြောင့် ဖန်ပုလင်းတွေ သေချာ စစ်နေရင်း ဂယူလှည့်ကြည့်မိရသည်။ 

ကြည့်ရတာ သူတို့လိုမျိုး အိမ်မက်ဖတ်တဲ့ တာဝန်ကို တူတူလုပ်ချင်ပုံရ၏။ မဖြစ်နိုင်တာကို ရွေးပြောနေတာပဲ။တာဝန်ကကြီးသည်မို့ သာမာန်လူက ကောင်းကောင်းမလုပ်နိုင်ပါ။ သူတို့ အစွမ်းရှိတဲ့ နတ်မျိုးနွယ်တွေတောင် တည တခါ တာဝန်ပြီးချိန်ဆို အတွင်းအားတွေ လျော့နည်းရသည်။

"ညညဆို အမြဲ ကျွန်တော်ပဲ အိပ်အိပ်နေရတာ ပျင်းတယ် "

"ဒါဆို မအိပ်နဲ့ပေါ့ "

"မအိပ်လို့လဲ မရဘူးလေ ကိုကိုတို့ကအလုပ်လုပ်နေကြချိန် ကျွန်တော်က အိမ်မက်ဖတ်တဲ့အဆောင်ထဲလည်း လာမရဘူး သူစိမ်းဆိုတော့။ တယောက်ထဲကျ ပျင်းတယ် "

"ငြိမ်ငြိမ်နေ လက်က လျှောက်မကိုင်နဲ့ ဖန်ပုလင်းတွေကွဲကျရင် ဒုက္ခများလိမ့်မယ်"

တချက်လှမ်းဆူတော့ ချက်ချင်းငြိမ်ကျသွားပြီး သူ့နောက်က တကောက်ကောက်လျှောက်လိုက်နေတော့သည်။ မှတ်ဉာဏ်ထိန်းခန်းက ပုံမှန်အဆောင်တွေထက် သုံးဆကျယ်ပြီး ထောင်ပေါင်းများစွာသော အိမ်မက်ဆိုးထဲက မှတ်ဉာဏ်တွေကို စုဝေးထားသည့်နေရာပင်။

မှတ်ဉာဏ်တချို့ကို ဖမ်းယူကာ အလင်းလုံးတွေအဖြစ်ပြောင်းလဲရပြီး ဖန်ပုလင်း ထည့်ပိတ်ထားသည်ဖြစ်လို့ ပုလင်းတွေကျကွဲကုန်ရင် ပြဿနာတက်နိုင်သည်။

အကျိုးဆက်နေနဲ့ မကောင်းတဲ့မှတ်ဉာဏ်တွေ လွတ်ထွက်သွားပြီး အချင်းချင်းပေါင်းစပ်ကုန်ရင် သူတို့အိမ်မက်ဖတ်သူတွေအတွက် တိုက်ခိုက်ရမယ့် မှတ်ဉာဏ်မကောင်းဆိုးဝါးအဖြစ်ပေါ်လာနိုင်ပါ၏။

ℍ𝕚𝕤 𝕊𝕒𝕧𝕚𝕠𝕣 Where stories live. Discover now