သူစိမ်းတို့ရဲ့အလယ်မှာ

1.1K 19 0
                                    

(၄၀)

"အဟင်း ဟင်း ကိုယ့်သွေးသားကိုထိရင် လူတိုင်းနာတတ်ကြတယ်မဟုတ်လား နီနီ"

"'အင်း မြိုင်"'

"ဒါဖြင့်"

"'အင်း"'

တူဆိုသည့် ခံစားချက်မဲ့စွာပဲ ကော်ဖီခွက်ကို ကိုင်းကနေတဆင့် ပတ္တမြား ပင့်ကိုင်ပစ်လိုက်သည်။ မာသွားလိုက် ပျော့သွားလိုက်ဖြစ်နေသည့် စိတ်ကိုတင်းရင်း ကော်ဖီခွက်ဟာ လေပေါ်မြောက်တက်နေပြီး အစုပ်ပလုပ်ကောင်လေး၏ ခြေသလုံးနုနုလေးအပေါ် နေရာယူထားပြီးပြီဖြစ်၏။ ဟုတ်သည်။ ကိုယ့်သွေးသားကို ထိမှ နာတတ်မည့်လူမျိုးက သက်သက်ကို ရှိသည်။ အထူးသဖြင့် မိမိအပေါ်မှာ အယုတ်မာကြဆုံးဖြစ်သည့် အငယ်ကောင်နှင့် မဏိသက်ပင်။ အခုချိန် သူတို့ရဲ့သားဖြစ်သူကို ထိလိုက်တော့ ဘယ်လိုနေသွားမလဲ။

"'ဝေါ!!!"'

""မလုပ်နဲ့!!!""

"ဝါးးးး အဲ အဟင့် အူးးးး"

မိန်းမတစ်ယောက်က ကိုယ်ချင်းစာတရားမရှိ လောင်းချလိုက်သည့် ကော်ဖီပူတွေ စီးဆင်းသွားသည့် ခြေသလုံးနုနုကလေး။ အပူလောင်သွားသည့် ဒဏ်ကြောင့် ကလေးငိုသံသည် ရုတ်ချည်း ကျယ်လောင်သွား၏။ ထို့အတူ ငိုနေသည့် ကလေးကို မြန်မြန်ဆန်ဆန်ပွေ့ချီနိုင်လိုက်သည့် လူတစ်ယောက်ကြောင့် အငွေ့တထောင်းထောင်းဖြင့် ကော်ဖီခွက်သည် လေပေါ်မှာပင် ရပ်တန့်နေလေသည်။ ဒါကိုပဲ မကျေမနပ်ဖြစ်သွားသူက ပန်းမြိုင်လယ်ဆိုသည့် မိန်းကလေး။

"ဒါက ရှင့်ကိစ္စမဟုတ်ဘူးနော် ယုခိ အခုချက်ချင်းအဲ့ကလေးကို ကျွန်မဆီပြန်ပေးလိုက်"

""ခင်ဗျားတို့သာ လူလိုသိရင် ကိုယ် ဝင်ပါရမှာမဟုတ်ဘူး ဒါက လူမမယ်ကလေးပါ သူ့မှာဘာအပြစ်ရှိလို့ ဒီလိုလုပ်ရပ်တွေကို လုပ်နိုင်ကြတာလဲ""

ကလေးငယ်၏ ခြေသလုံးပေါ် စင်နေသည့် ကော်ဖီတွေကို ကမန်းကတန်း သုတ်ပေးလိုက်ရင်း အနီးနားရှိ တစ်ရှူးကို ရေဆွတ်ကာ အပူလောင်သွားသည့်နေရာပေါ်ကို ယုခိ ကပ်ထားပေးလိုက်သည်။ သို့သော် ကလေးဟာ အငိုမရပ်တော့ပေ။ နုနယ်လွန်းသည့် ကလေးရဲ့ခြေသလုံးဟာ ချက်ချင်းအနီကွက်လေးဖြစ်ပေါ်လာသည်။ တော်သေးသည်။ လက်နှစ်စာလောက်သာ အပူလောင်သွားလို့။ သူအမြန်ပွေ့ချီနိုင်လို့သာ နည်းနည်းပဲဖြစ်သွားတာ။ မဟုတ်ရင် ဒီစိတ်ပုပ်မတွေကြောင့် ဘယ်လောက်ထိ ထိခိုက်သွားမလဲဆိုတာကို တွေးပင်မတွေးရဲ။

သူစိမ်းတို့ရဲ့အလယ်မှာ(COMPLETE)Where stories live. Discover now