Part -17

15.9K 229 5
                                    

(Unicode)

My Teacher Becomes My Husband

Part-17

ဘုန်းသျှန်တစ်ယောက် ပါမောက္ခစကားကြောင့် ဝမ်းနည်းဝမ်းသာ ခံစားနေရ၏။ ခုဆို ခေးတို့က B.Arch second semester ကျောင်းသူတွေဖြစ်နေကြပြီဖြစ်သည်။၊ မကြာခင်မှာ ကျောင်းပြီးတော့မှာဖြစ်သလို သူလဲ ကျူတာအလုပ်ကို ထွက်စာတင် ပြီးပြီဖြစ်သည်။ ဖေဖေ့အလုပ်မှာလဲ တချို့ projectတွေကို ဘုန်းသျှန်ကိုင်နေပြီဖြစ်၏။ အခုကျောင်းကရွေးတဲ့ Top 3မှာ ခေးပါတာကြောင့် နိုင်ငံခြား ပညာတော်သင်သွားဖို့ ဌာနက ထောက်ခံပေးသည်။ ဘုန်းသျှန်တုန်းကတော့ ဒီမှာပဲ M.Arch ဆက်တက်၍ ကျူတာဝင်လုပ်တာပေမယ့် ခေးကတော့ ပညာသင် သွားချင်လိမ့်မယ်ထင်တာမို့ လူငယ်တစ်ယောက်က ရလာတဲ့ အခွင့်ရေးကို လက်လွှတ်မခံသင့်သလို ခေးဘဝကို ဒီထက်ပို မြင့်မားစေချင်သည်။ သူ မခွဲနိုင်တဲ့ ခံစားချက်ကြောင့် ခေးကို အတ္တကြီးစွာ ပိတ်လှောင်မထားချင်တာမို့ ညကျရင်တော့ သွားဖို့အတွက် တိုက်တွန်းရပေဦးမည်။

ခေးညဘက် ကိုကြီး မျက်နှာသစ်တာကိုစောင့်ရင်း အိပ်ယာပေါ် ဖုန်းသုံးနေလိုက်သည် ။

"ခေးလေး ကိုယ်ပြောစရာရှိလို့"

"ဟွန်... ဟုတ်... ခဏလေး ခေး ဖုန်းပိတ်လိုက်ဦးမယ်"

"အင်း"

ခေးဖုန်းပိတ်ပြီး ကိုကြီး ရင်ခွင်ထဲ ဝင်လိုက်သည်။

"ရပြီ ကိုကြီးပြော"

"ခေးလေး ကျောင်းက Top 3ထဲပါလို့ ဌာနက ပညာသင် လွှတ်တဲ့အထဲ ထောက်ခံပေးတယ်ခေး"

"ဟယ် တကယ်"

ခေးကိုယ့်ရဲ့ ကြိုးစားမှုအတွက် အံ့ဩပြီး ဝမ်းသာသွားရသည်။

"အင်း.... တကယ်... congratulations နော် ခေးလေး"

"ဟီး ဟုတ်"

"အဲ့တာ ခေး ဘယ်နိုင်ငံကိုသွားချင်လဲ"

"ဘယ်နိုင်ငံမှ မသွားချင်ဘူး.... ကိုကြီးရင်ခွင်ထဲပဲ သွားချင်တာ"

ခေးကိုကြီးလည်ပင်းကို အတင်းဖက်ကာပြောလိုက်သည်။

"မဆော့နဲ့ဦး ခေးလေး.... ကိုယ်သေချာပြောမလို့"

My Teacher Becomes My Husband (Completed)Where stories live. Discover now