💦Part - 9💦

909 54 3
                                    

Part - 9

တစ်ချိန်ကျ JKကုမ္ပဏီကို သူပဲဦးစီးရမှာမို့ လန်ဒန်မှာ businessပိုင်းရော၊ educationပိုင်းရော လေ့လာခဲ့သူက ဒီပြန်ရောက်တော့ ကုမ္ပဏီကိုဦးစီးဖို့ အားလုံးreadyဖြစ်လို့နေသည်။ အခုဆိုCEOအသစ် ကြေညာချက်ထုတ်ဖို့ ပွဲကလည်းနီးသထက်နီးလာပြီဖြစ်သည်။ သူဟိုမှာကတည်းက အစီအစဉ်ဆွဲထားခဲ့သည်မို့ ပြန်ရောက်ပြီးရက်အနည်းငယ်အတွင်းပင် လွှဲပြောင်းယူမည်ဖြစ်သည်။

မင်္ဂလာပွဲကလည်း လူငယ်တွေကအရေးကြီးနေသည်မဟုတ်ဘဲ လူကြီးတွေက ဇွတ်အမြန်စီစဥ်နေကြခြင်းပင်ဖြစ်သည်။ တစ်ဖက်က Jeon Jungkookကတော့ ဒီမင်္ဂလာပွဲအတွက် လူကြီးတွေကို ဘယ်လိုတုံ့ပြန်မှုမျိုးလဲ မသိပေမယ့်၊ jiminကိုတော့ ဟိုတနေ့ညကတည်းက လက်ထက်မည်ဟုဆိုခဲ့သည်။ သူ့စကားက အတည်လား၊ ဒီတိုင်းပြောတာလားတော့ jimin မသိပေ။ jiminက အရင်ကတော့ မေမေ့ကို အတိုက်အခံငြင်းတာတွေ၊ ဖေဖေ့ကိုအတိုက်အခံငြင်းတာတွေ လုပ်ခဲ့ပေမယ့် အဖြေကလက်ထပ်ဖို့သာဖြစ်သည်။ ဒီအချိန်မှာတော့ jiminငြင်းလည်း မငြင်းချင်တော့ပါ။ ဘာကြောင့်ဆို ဟိုနေ့ညက ကိစ္စတွေဖြစ်ပြီးထဲက ဒီပုံစံနဲ့ Kimကို လက်ထပ်ဖို့က စိတ်ထဲမလုံပါ၊ ဒီဘက်ခေတ်မှာone night standတွေ လူငယ်တိုင်းလိုလိုဖြစ်နေကျပေမယ့် jiminရဲ့စိတ်ခံစားမှုရော ခန္ဓာကိုယ်တစ်ခုလုံးရော Jeon Jungkookဆီမှာမို့ Kimကိုရွေးချယ်ခဲ့လျှင် jiminကိုယ့်ကိုကိုယ်ရော၊ Kimကိုရော တစ်သက်လုံးလိမ်ရာကျလိမ့်မည်။

ထို့ကြောင့်Kimကို ဖွင့်ပြောဖို့သာ Jiminတတ်နိုင်တော့သည်။ သူ့ဘက်က ကိုယ့်ကိုဘယ်လိုသဘောထားလဲ သိပေမယ့် တစ်သက်တာနာကျင်မှုမျိုးမဖြစ်စေဖို့ အခုချိန်ထဲက jiminနောက်ဆုတ်ဖို့လိုသည်။ Park Jiminဆိုတာ အဲ့လိုလူပါ၊ ကိုယ်က ချစ်နေခဲ့တော့ ကိုယ့်ကိုမချစ်တောင် သူ့ဘက်က ပြန်ရောက်ကတည်းက ပိုင်စိုးပိုင်နင်းဆန်မှုတွေ အေးတိအေးစက်ဂရုစိုက်မှုလေးတွေ‌ကြောင့် မသေချာမရေရာသော အဲ့ဒီ့လိုတစ်စွန်းတစ်စ မျှော်လင့်ချက်ကြိုးလေးကို ဆွဲကိုင်ထားကြည့်ခြင်းပင်။ အရင်က ချမှတ်ခဲ့တဲ့ ကိုယ့်စည်းမျဥ်းတွေဟာလည်း ကိုယ့်လက်ထပ်ရမည့်သူက Jeon Jungkookဆိုတာနဲ့ကို ဘယ်ရောက်လို့ရောက်မှန်းကို မသိတော့ပါ။

 Jeon JiminWhere stories live. Discover now