62

477 82 2
                                    

[Unicode]

'အိမ်'

"ဟွားဝမ်" ဆိုသည့် website ကို fan များက လှောင်ပြောင်နေကြသလို Cp fan လိုချင်နေသည့် ခေါင်းဆောင်ဝမ်ကိုတောင် စိတ်ကျေနပ်မှုမရှိစေခဲ့။

"ကြာပန်းဖြူရှဲ့" နှင့် "မြင်းလားဝမ်" ဆိုသည့်အသုံးအနှုန်းများက သူတို့ကို ဝေဖန်ပြောရန်တမင်ခေါ်ဆိုကြသည့်နာမည်များမှန်း လူတိုင်းလိုလို သိထားပြီးဖြစ်သည်။ ထို့ကြောင့်လည်း CP နာမည်က Anti များ ရွေးချယ်ထားသလိုဖြစ်နေတော့လေသည်။

ဝမ်ချောင်အနေနှင့် သူ့ကို မြင်းလားဟုခေါ်ဝေါ်ကြခြင်းအား လက်ခံပေမယ့် အခြားသူများ သူ့ချစ်သူကို ကြာပန်းဖြူဟုခေါ်ဝေါ်ခြင်းအား တကယ်မုန်းလွန်းလှသည်။ ရှောင်ရှဲ့က ဒီလောက်ကောင်းတဲ့လူကို ဘယ်နားကများ ကြာပန်းဖြူဆန်နေလို့လဲ။

တရုတ်ရှေးဟာသကားလေးက ကြည့်ရှုသူနှုန်းကောင်းများရရှိထားတာမို့ ပြသမှုပြီးခါနီးသည်နှင့် ဇာတ်လမ်းတွင်ပါရှိသည့် အဓိကဇာတ်ဆောင်များကို ဇာတ်လမ်းထုတ်လွှင့်ရေး channel မှ နာမည်ကြီး variety show တစ်ခု ပါဝင်ဖို့ လှမ်းဖိတ်ကြားထားတော့သည်။ ရှဲ့ကျူရှင်းက အဓိကဇာတ်ဆောင်များထဲ မပါဝင်ပေမယ့် သူ့ကျော်ကြားမှုက လတ်တလောတွင်မှ ထိုးတက်ထားတာမို့ ရိုက်ကူးရေးအဖွဲ့မှ သူ့ကိုပါ နန်ကျင်းတွင်ရိုက်ကူးမည့် variety တွင် ပါဝင်ရန်ဖိတ်ကြားထားပြီးဖြစ်၏။

လျှို့ချုန်းမင်းကလည်း ရှဲ့ကျူရှင်း၏အချိန်စာရင်းများကို အလျင်အမြန်ပင် ကူညီချိန်ညှိပေးလာခဲ့သည်။

Icedreamကျော်ကြားမှုက ဒုတိယမြောက် album ပြီးကတည်းက ထိုးတက်လာခဲ့သည်မို့ အဖွဲ့သားတိုင်း၌ အခြေခိုင် fan များရှိနေပြီးဖြစ်သည်။ အိုင်ဒေါအဖွဲ့များ၏ သွားနေကြနည်းစဉ်အတိုင်းသာဆို အခုအချိန်က အဖွဲ့သားတိုင်း သူတို့အားသာရာနယ်မြေအတွင်း နယ်ချဲ့ဝင်ဖို့ အချိန်ကောင်းလေးဖြစ်၏။ အခြားအဖွဲ့သားများ၏အနာဂတ်ကတော့ ရှင်းရှင်းလင်းလင်းမရှိလှသေးပေမယ့် ရှဲ့ကျူရှင်းလို နှစ်ကူးဒရမ်မာနှင့် ကြည့်ရှုသူနှုန်းများသည့်ဇာတ်ကားအတွင်း ပါဝင်ထားဖူးပြီးသူကတော့ သံသယဖြစ်ဖွယ်မရှိ သရုပ်ဆောင်နယ်ပယ်ထဲ နယ်ချဲ့ဝင်ဖို့က အကောင်းဆုံးရွေးချယ်မှုဖြစ်နေပြီးဖြစ်လေသည်။

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now