၈နှစ်အရွယ် စိုင်းနဲ့လွန်း
နက်စွေးနေသော မွေ့ယာကျယ်ကြီးတွင် ကလေးနှစ်ဦး အချင်းချင်းဖက်၍ နှစ်ခြိုက်စွာအိပ်နေကြသည်။ အခန်းမှာတော်တော်လေးကျယ်ဝန်းပြီး အဆင်တန်ဆာတွေကလူချမ်းသာတွေနေမှန်းသိသာစွာ။
*ဂျောက်*
တံခါးဖွင့်၍ ဝင်လာသည်က အိမ်ကြီးသခင်မ နန်းမြင့်မိုရ်။ တစ်ဖြစ်လဲ သခင်ကြီး၏ ကြင်ယာတော်။ သခင်လေးစိုင်းမဟာ ၏ မိခင်။
"သားငယ်လေးရေ...စိုင်းလေး... ထတော့လေကွယ်။ လွန်းမေမေကပြန်တော့မယ်တဲ့"
"အင်း... ပြန်ရဘူး ကိုကိုကသားသားနဲ့နေတော့မှာ"
အအိပ်ဆက်သူလေးစိုင်းက လူးလွန့်၍ ပြောလာပြီး လွန်းလေးကိုခပ်တင်းတင်းပြန်ဖက်ထားသည်။ လွန်းလေးကတော့ခုထိမနိုးသေး။ အသည်းယားစွာ နှစ်ယောက်လုံး၏ပါးဖောင်းဖောင်းလေးတွေကိုဆွဲညှစ်လိုက်သည်။ ကုတင်ပေါ်တက်ထိုင်လိုက်ပြီးနောက် ခေါင်းလေးတွေကိုပွတ်သပ်ပေးရင်းစိုင်းလေးနားလည်အောင်ပြောပြရတော့သည်။
"အဲ့လိုမရဘူးလေသားငယ်လေးရဲ့... လွန်းလေးကငယ်သေးတော့ သူ့မိဘတွေနဲ့ပဲနေရဦးမှာပေါ့။ သားသားတို့ ၁၈နှစ်ပြည့်ပြီးတော့မှ တူတူနေရမယ်လို့မေမေပြောပြထားဖူးတယ်လေမှတ်မိလားသားငယ်လေး"
မျက်လုံးတောက်တောက်လေးများကပွင့်လာပြီး အိပ်ပျော်နေသောလွန်းလေးကို သေချာစိုက်ကြည့်နေသည်မှာ လူကြီးလေးတစ်ယောက်လို။ သူမ သဘောကျစွာပြုံးလိုက်မိသည်။ ခုမှ ၈နှစ်ပဲရှိသေးတော့ နောက်၁၀နှစ်လောက်တော့စောင့်လိုက်ပါဦးငါ့သားရေ။
"ဟုတ်မေမေ။ သားမှတ်မိပါတယ်"
........
၁၄နှစ်အရွယ် စိုင်းနဲ့လွန်း
"ကိုကို့ကို အဲ့သတောင်းစားနဲ့မပေါင်းနဲ့လို့ကျွန်တော်ပြောထားတယ်လေ။ မမှတ်မိဘူးလား"
ကျောင်း corridor တွင်ဖြစ်သည်။ လွန်းကိုသဘောကျနေသောကောင်လေးက စကားလာပြောသဖြင့် စိုင်းကဒေါသတကြီးပြောနေခြင်းဖြစ်သည်။ လူကိုသူ့အပိုင်လိုလို ပြောဆိုထိန်းချုပ်နေတာ ဟိုးငယ်ငယ်ထဲက။ ချစ်လို့သည်းခံနေတာကိုအကောင်းမှတ်နေတယ်။ သူကျသူများကိုခုထိရည်းစားစကားမပြောသေးပဲနဲ့။ ဟွန့်!