လိုက်ကာကြားမှ ထွက်လာသောအလင်းရောင်ကြောင့် လွန်းရဲ့မျက်ခုံးတန်းလေးနှစ်ဖက်စုကျုံ့သွားသည်။ နှာခေါင်းထဲတိုးဝင်လာသည်က အမဲစွပ်ပြုတ်နံ့။
ဘေးဖက်ကိုစမ်းကြည့်လိုက်တော့အေးစက်စက်မွေ့ရာကြောင့် စိုင်းထသွားပြီဆိုတာသိလိုက်သည်။ မနေ့ကအချစ်ညလေးအကြောင်းတွေး၍ လွန်းမျက်နှာပြုံးစိစိဖြစ်သွားရသည်။
အရင်ကတွေးခဲ့တာလက်ထပ်ပြီးရင်တောင်လွန်းကပဲစရမယ်ထင်ပေမယ့် မောင်ကတော်တော်လေးတက်ကြွနေတော့ လွန်းအကြိုက်ပေါ့။
ကိုကိုစားဖို့ပြင်ဆင်နေရင်း နောက်ကနေခါးကိုဖက်လာတဲ့လက်လေးကြောင့် စိုင်းပြုံးမိသွားသည်။ အချစ်ကလေးကမနေ့ကကိစ္စကိုရှိန်မနေတာပဲကျေးဇူးတင်ရမည်။
"နိုးပြီလားကိုကို...အိပ်ရေးဝရဲ့လား"
"အွန်း ဝတယ်။ ဘာတွေချက်နေတာလဲ"
"အချစ်ကလေးအကြိုက်အမဲစွပ်ပြုတ်နဲ့ ရှမ်းခေါက်ဆွဲလုပ်ပေးထားတယ်။ နေ့လည်စာကတော့ လာပို့လိမ့်မယ်။ ဘာစားချင်လဲမောင့်ကိုပြောပါဦး"
"လွန်းကြိုက်တာပဲချက်ခိုင်းထားတာမလား။ ဘာဖြစ်ဖြစ်ရတယ်"
နောက်ကိုလှည့်ကာခါးလေးကိုဆွဲပွေ့လိုက်ပြီး ထိုင်ခုံပေါ်ချပေးလိုက်သည်။ စားသောက်ပြီးနောက် အိပ်ရာထဲမှာနှစ်ယောက်သားပွတ်သပ်မိကြပြန်၏။
ချစ်ကြောင်းဝန်ခံပြီးချိန်မှစ၍ နှစ်ယောက်လုံးရဲ့စိတ်ထဲအမြဲထိတွေ့ချင်နေမိသည်။ အရင်ကထိန်းချုပ်ခဲ့ရတာတွေကိုအခုပြန်ပြီးအတိုးချနေသလိုပါပဲ။
..........
"အဲ့ကောင်လဲမြန်မြန်လင်ရမှအေးမှာ! ကျောင်းပြီးသွားတာတောင်မလွတ်ဘူး။တောက်! "
"ကိုကို့ကိုပြောတယ် အစောထဲကမောင်နဲ့မှတူတူသွားပါမယ်ဆို။ ခဏစောင့်ဆိုတာကိုမစောင့်ဘူး"
"အရင်ကလဲကျွန်တော်မရှိချိန်မှအဲ့ကောင်လာတယ်။ ခုထိကိုမလွတ်ဘူး"
ကျောင်းတုန်းကလွန်းကိုသဘောကျခဲ့တဲ့မင်းဇော်နဲ့ ကော်ဖီဆိုင်မှာတွေ့၍ စကားပြောမိရာမှ သောင်းကြမ်းနေခြင်းဖြစ်သည်။ အရင်ကဟာကိုခုထိစမြုံ့ပြန်လိို့မပြီးနိုင်မစီးနိုင်။ဟိုက သူ့ Boyfriend အကြောင်းပြောနေရင်း သူတို့လဲလက်ထပ်တော့မည်ဖြစ်ကြောင်း လွန်းတို့အတွဲကိုလဲဖိတ်ကြောင်းပြောနေရင်းမှ , coffee နဲ့မုန့်သွားဝယ်တာကြာလို့လိုက်လာတဲ့ကိုယ်တော်ချောက မြင်သွားသည်။