ဆူး (၁)

418 34 0
                                    

" တစ်ယောက်ယောက်တားကြပါဦး။ ခေါင်မိုးထပ်မှာခုန်ချဖို့လုပ်နေတဲ့လူတစ်ယောက်ရှိနေတယ်။"

" အဲ့ဒါကောင်လေးတစ်ယောက်ဘဲ။ "

" မြန်မြန်လာပေးကြပါ။ အခုလူတစ်ယောက်ကအမြင့်ကနေခုန်ချဖို့လုပ်နေတယ်။ အစွန်နားကိုရောက်နေပြီ။ "

- အဆောက်အဦတစ်ခုရှေ့မှာခြေရှုပ်နေကြတဲ့လူတွေနဲ့ ရပ်ပြီးကြည့်နေကြတဲ့လူတွေ၏အကြည့်များကတစ်နေရာထဲကိုသာရောက်လာကြသည်။ -

" အားးးးးးးးးး"

- ကောင်မလေးတစ်ယောက်ကသူ့ရှေ့ကိုပြုတ်ကျလာသောလူ၏ခန္ဓာကိုယ်ကိုကြည့်ကာအာခေါင်ခြစ်အော်လိုက်သည့်အသံနှင့်အတူ အလန့်တကြားဖြစ်သွားခဲ့သောပတ်ဝန်းကျင်။ မကြာခင်ရဲတွေရောက်လာပြီးတော့ ထိုပြုတ်ကျလာခဲ့သောလူ၏ခန္ဓာကိုယ်ကိုသယ်နေခဲ့သည်။ -

leehan POV:

- ကျောင်းကအပြန် အချိန်ပိုင်းအလုပ်ကရတဲ့ပိုက်ဆံကို အစ်ကိုကြိုက်တတ်သောအစားအစာများနှင့် ညီလေးအတွက်မုန့်တစ်ချို့ဝယ်ကာအိမ်ပြန်လာခဲ့သည့်လမ်းတွင်လူများရုတ်ရုတ်သဲသဲဖြစ်နေပြီး ရဲကားနှင့်လူနာတင်ယာဥ်တွေပါရောက်နေသောကြောင့် မတော်တဆမှုတစ်ခုဖြစ်နေသည်ဟုထင်ကာ အကြောင်းစုံသိရဖို့အစ်ကိုဖြစ်သူကိုဖုန်းဆက်လိုက်သည်။ အစ်ကိုရှိသည့်နေရာနှင့် မဝေးသောနေရာဖြစ်သောကြောင့်သိကိုသိရမည်မှာအမှန်ပင်။ -

- တက္ကသိုလ်ဝင်တန်းစာမေးပွဲကနီးလာပြီးဖြစ်သောကြောင့် ဒီလိုအရာတွေမှာစိတ်မဝင်စားသင့်မှန်းသိသော်လည်း လူ့စိတ်မလား၊ လူ့စိတ်ဆိုတာကတားမရဆီးမရ မလုပ်နှင့်ဆိုပိုလုပ်ချင်တာမျိုးပင်။ အခုဆိုရင်အီဟန်၏သိချင်စိတ်များထိန်းမနိုင်သိမ်းမရ။  -

" လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ သတ်မှတ်ချိန......(တီ) "

- အီဟန်တစ်ယောက်သူ့အစ်ကိုအားဖုန်းခေါ်နေခဲ့သော်လည်းအစ်ကိုဖြစ်သူကတစ်ခေါက်တည်းနဲ့ကိုင်မလာ။ -

- သိပါတယ် သိပါတယ်။ ဟျောင်းတို့ဆိုတာဖုန်းကိုချထားခဲ့ပြီးဘယ်ထွက်သွားပြန်ပြီလဲမသိဘူး။-

Deep End (ဆူး)Where stories live. Discover now