" ငါ့ကိုခေါ်တာဘာကိစ္စရှိလို့လဲ "" ငါတောင်းပန်ပါတယ် ဂျယ်ဟျွန်း "
" ဘာလို့လဲ။ "
" ငါမင်းကိုအဲ့လိုမပြောလိုက်သင့်ဘူး။ "
"ဒီလိုဆိုလည်း ရပါတယ်။ အချင်းချင်းရန်ဖြစ်ကြတာဘဲကို ဒီလောက်တော့ရှိမှာပေါ့ "
" ရီဝူးရော "
" လာမှာမဟုတ်ဘူး။ ရီဝူးတစ်ခါစိတ်ဆိုးရင်တော်ရုံမပြေတတ်တာသိရဲ့သားနဲ့...။ အခုကိစ္စကဆောင်းဟိုပါပါလာတာဆိုတော့...."
" ငါနောက်နေ့မှ ဆောင်းဟိုကိုရော ရီဝူးကိုပါ သေချာသွားတောင်းပန်လိုက်ပါ့မယ်။ "
" အခုငါ့ကိုအဲ့ဒါပြောဖို့အတွက်ခေါ်လိုက်တာလား။ "
" အွန်း။ အဲ့လိုဆိုပေမဲ့ တစ်ခြားတစ်ခုရှိသေးတယ်။ "
" ဘာလဲ "
" မင်း ငါနဲ့အတူလိုက်ခဲ့ရမယ်။ "
- သူ့ရှေ့ကပြုံးနေတဲ့ကောင်လေးက ဂျယ်ဟျွန်းလက်ကိုဆွဲကာအမြင့်ပေါ်ကနေချက်ချင်းခုန်ချလိုက်သည်။-
" အားးးးးး"
- ဂျယ်ဟျွန်းမျက်လုံးကိုဖွင့်ကြည့်လိုက်တော့ အလင်းရောင်အနည်းငယ်မျှသာရှိသောအခန်းတစ်ခုပေါ်ကအိပ်ရာပေါ်တွင်ဖြစ်သည်။ ပတ်ပတ်လည်ကြည့်မိလျှင်ဒါကဂျယ်ဟျွန်းအခန်းဆိုတာသိသွားခဲ့သည်။ -
- ဒီအိမ်မက်ဆိုးကိုထပ်မက်ပြန်ပြီ။ ဒါကတော်တော်ကြာမှဘဲ...-
- နေ့ခင်းဘက် ငိုပြီးအိပ်ပျော်သွားသောကာ မမက်တာကြာသောအိမ်မက်ဆိုးကို ဂျယ်ဟျွန်းပြန်မက်ခဲ့သည်။ မက်လိုက်တိုင်းလည်းထိုနေရာတွင်သာအဆုံးသတ်သွားခဲ့သည်။ အိမ်မက်သက်သက်လို့ပြောရအောင်လည်း တစ်ချို့တစ်ဝက်က ဂျယ်ဟျွန်းသိနေတဲ့အမှန်တရားတစ်ချို့။ -
- မျက်လုံးကိုပွတ်ကာ နာရီကိုကြည့်လိုက်သည်။ အချိန်အားဖြင့် ည၁၁နာရီခွဲနေပြီဖြစ်သည်။ ဂျယ်ဟျွန်းအပြင်ကိုထွက်ကာ ထယ်ဆန်းအခန်းထဲကိုသွားကြည့်ခဲ့သည်။ -
- တံခါးခေါက်သော်လည်းအသံမကြားရသောကြောင့် ဖွင့်ပြီးသာဝင်လာခဲ့သည်။ မီးပိတ်ထားတဲ့အခန်းကမှောင်နေသော်လည်း ပြတင်းပေါက်ကဖြတ်ဝင်လာသောလအလင်းရောင်ကြောင့် ထယ်ဆန်းအိပ်ရာကိုမြင်ရသည်။ -
YOU ARE READING
Deep End (ဆူး) (Hiatus)
Fanficမောင်! မင်းကသာ ဆူးတစ်ချောင်းဆိုရင် ငါကျေကျေနပ်နပ်ကြီး ဆုပ်ကိုင်ထားရလည်းဖြစ်တယ်။