Taesan Pov:
- ယနေ့မနက်တွင် ထယ်ဆန်းခါတိုင်းထက်စော၍နိုးနေခဲ့သည်။ ဖေဖေနဲ့မေမေကိုနှုတ်ဆက်ကာ သူလည်းမနက်စာစားရန်စားပွဲမှာထိုင်လိုက်သည်။ -
" သားကအစောကြီးနိုးလို့ပါလား။
မင်းအစ်ကိုတောင်မနိုးသေးဘူး။ "" ဒီနေ့သားအပြင်သွားစရာရှိလို့ "
" ဟုတ်လား။ ဘယ်သွားမှာလဲ "
" သူငယ်ချင်းတစ်ယောက်အိမ်ကိုပါ။ နေမကောင်းဘူးဆိုလို့သွားကြည့်မလို့။ "
" အမယ်! ဟုတ်လှချည်လား ငါ့သားရ။ ပြောပါဦး။ သူငယ်ချင်းကယောက်ျားလေးလား၊ မိန်းကလေးလား။ "
" ယောက်ျားလေးပါ ဒယ်ဒီရဲ့။ ခင်တာသိပ်မကြာသေးဘူး။ "
" ဟုတ်လား။ သြော်....မသိပါဘူး။ ဒယ်ဒီကမိန်းကလေးထင်နေတာ။ "
" ဟာ မဟုတ်ပါဘူး ဒယ်ဒီရာ။ "
" အေးပါကွာ အေးပါ အေးပါ "
- ဒယ်ဒီကသူ့ကိုစနောက်ပြီးပြုံးရွှင်နေချိန်မာမီပါ ဝင်လာခဲ့သည်။ -
" သားအဖတွေဘာတွေပြုံးနေကြတာလဲ "
" မင်းရဲ့ သားငယ်လေးက သူ့ရဲ့သူငယ်ချင်း အော်..ယောက်ျားလေးနော်။ သူ့ရဲ့သူငယ်ချင်းယောက်ျားလေးနဲ့သွားတွေ့မလို့တဲ့။ "
" ဒယ်ဒီနော်....တကယ်ပါလို့ပြောနေတာကို..."
" အေးလေ။ ဒယ်ဒီကရောဘာပြောလို့လဲ။ "
" တော်ပြီ။ မစားတော့ဘူး။ စိတ်ကောက်ပြီ။ "
- ထိုအခါမှဖေဖေကသူ့ကိုပြန်ချော့ကာ မနက်စာကိုစားခိုင်းခဲ့သည်။ -
" အစ်ကိုလေးထယ်ဆန်း! ဒါက အစ်ကိုလေးပြောထားတဲ့ကြက်စွပ်ပြုတ်ပါ။ အားများများရှိအောင် ဂျင်ဆင်းတစ်ချို့ထည့်ပြုတ်ပေးထားတယ်။"
" ဟုတ်။ ကျေးဇူးအများကြီးတင်ပါတယ် အဒေါ်ကြီး"
- ထယ်ဆန်းမနက်စာစားပြီးတာနဲ့ ဂျယ်ဟျွန်းဟျောင်းကို လိုက်ပို့ခိုင်းခဲ့သည်။ သို့သော် နေမကောင်းဘူးဟူသောအကြောင်းပြချက်ဖြင့် ဂျယ်ဟျွန်းဟျောင်းသူ့ကိုလိုက်မပို့ဖြစ်ပေ။ ဒါကြောင့် မေမေ့ဒရိုက်ဘာကိုလိုက်ပို့ခိုင်းပြီးတော့ မေမေကတော့ဖေဖေဝင်ပို့ပေးခဲ့မည်ဟုပြောသည်။ -
YOU ARE READING
Deep End (ဆူး) (Hiatus)
Fanfictionမောင်! မင်းကသာ ဆူးတစ်ချောင်းဆိုရင် ငါကျေကျေနပ်နပ်ကြီး ဆုပ်ကိုင်ထားရလည်းဖြစ်တယ်။