Ep 2

23 2 0
                                        

ဗျာ............. အဖေ ပါးပါး ကလေအိမ်ပေါ်ကဆင်းသွားပြီ
ပြီးတော့ သူဘယ်ရောက်နေမှန်းလဲမသိဘူး
ဟုတ်လား အန်တီလေး

အမလေး .....လန့်တာဟယ် ဖြေးဖြေးပြောပါ

အန်တီလေးကလဲဗျာ ကျွန်တော့်အဖေ တစ်ယောက်လုံးပျောက်သွားတာလေ အန်တီလေးရော စိတ်မပူဘူးလား

ငါကတော့ နေသားကျနေပြီ
မင်းအဖေနဲ့ပက်သက်လို့ ငါ့မှာအံသြပေးစရာခံစားချက် မရှိတော့ဘူး

ပြီးတော့ မင်းသေချာအဆုံးထိ နားထောင်လေ အတိအကျပြောရရင် အိမ်ပေါ်ကဆင်းတယ်ဆိုတာထက် စိတ်ပြေလက်ပျောက် အပန်းဖြေတဲ့အနေနဲ့ မင်းအဘွားနဲ့အဘိုးဆီကို အလည်သွားတာပါ

1နှစ် ဒါမှမဟုတ် တစ်သက်လုံးဖြစ်သွားနိုင်တာက လွဲလို့ပေါ့

ဗျာ..............................

ပါးပါး ကဘာလို့လဲ ရုတ်တရက်ကြီး
ဘယ်ကနေဘယ်လို အဘိုးတို့ဆီရောက်သွားတာလဲ
အဘိုးတို့ကရောဘယ်နိုင်ငံမှာ ရောက်နေတာလဲဆိုတာ သိသွားပြီလား

အဲတာကတော့ ကျွန်မလဲ သေချာမသိပါဘူးရှင်

ရှောင်းဟန်ရဲ့မေးမြန်းမှုတွေကြောင့်လင်းရိမှာ မူးလဲချင်သလိုတောင်ဖြစ်သွားရပါတယ် သူမလဲဘယ်သိမလဲလို့ သူမမောင်လေးက သူမကိုအမြဲ ထိတ်လန့်အံ့သြမှုတွေပေးတတ်ပါရဲ့ တစ်ကယ်ပါပဲ......

တစ်ဖက်ကရှောင်းဟန်မှာလဲ နားမလည်နိုင် ဖြစ်နေပါတယ် ဘာကိစ္စကြောင့်များ သူ့အဖေ ပါးပါး က ရုတ်တရက်ကြီး အိမ်ကထွက်သွားရတာလဲ တစ်ခုခုဖြစ်လို့လား

အပန်းဖြေတယ်လို့ပြောပေမဲ့လည်း သူ မယုံပါ ယုံချင်စရာလည်းမရှိပါ

ရှောင်းဟန်အတွေးလွန်နေတုန်းမှာပဲ
လင်းရိက

တော်ပြီ တော်ပြီ ကြာရင် ရှင်တို့သားအဖကြောင့်ကျွန်မအသက်တိုတော့မယ် ငါမေ့သာမေ့လဲလိုက်ချင်တယ်

ဟာ အန်တီလေးကလဲ

ဘာအန်တီလေးလဲ ရော့ဒီမှာ
မင်းအဖေက မသွားခင် မင်းအတွက်တဲ့

စာ 1 စောင်နဲ့ဒိုင်ယာရီစာအုပ်တစ်အုပ် မင်းအတွက်ထားခဲ့တယ်
ရော့ ရော့ ဖတ်ကြည့်

You've reached the end of published parts.

⏰ Last updated: Jul 29 ⏰

Add this story to your Library to get notified about new parts!

Who's Born MeWhere stories live. Discover now