လေပြေလေးတွေက ဖြေးညှင်းစွာတိုက်နေတယ် ညနေဆည်းဆာရဲ့အလှမှာလဲ အရောင်မျိုးစုံယှက်ဖြာလျက် ရှုမငြီးနိုင်ဖြစ်နေပါတယ်
ဒါပေမဲ့ကောင်လေးတစ်ယောက်ကတော့ ညနေဆည်းဆာရဲ့ အလှကိုပင်မကြည့်နိုင်ဘဲ လမ်းမပေါ်မှာ ပြေးလွှားနေခဲ့တယ် သူကတော့
ဘာလို့ဒီနေ့ကြမှ ကားလမ်းတွေပိတ်နေရတာလဲကွာ
မြန်မြန် မြန်မြန် ပြေးရမယ်ကျွန်တော့နာမည်က မုရှောင်းဟန်ပါ
ကားလမ်းပိတ်ဆို့မှုကြောင့်
ခုကျွန်တော်ဆေးရုံကိုပြေးနေရပါတယ် ဘာလို့လဲဆိုတော့ကျွန်တော့်အဖေ Car Accidentဖြစ်တဲ့အကြောင်း အန်တီလေးဆီကဖုန်းရလို့ပါပဲ
အဖေနဲ့အန်တီလေးက ကျွန်တော့်ရဲ့အရင်နီးဆုံးသောသူတွေပါ
ကျွန်တော်အတွက်တော့ ငယ်ငယ်ထဲက အဖေနဲ့အန်တီလေးတို့ နှစ်ယောက်ကသာ အားကိုးရာပါ။ ကျွန်တော့်မှာ အဘိုးအဘွားမရှိတော့ဘူးလို့မထင်နဲ့နော် ရှိသေးပါတယ်ဗျ ဒါပေမဲ့ ကျွန်တော်သူတို့ကို အပြင်မှာမမြင်ဖူးဘူး အဘိုးနဲ့အဘွားက ကျွန်တော် မမွေးခင်ထဲက နှစ်ယောက်သားကမ္ဘာပတ်ခရီး ထွက်မယ်ဆိုပြီး ထွက်သွားကြတာပါ။ ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းတဲ့အချစ်လဲ ပိုက်ဆံအတွက်ကတော့ မပူပါနဲ့
ဘိုးဘေးဘီဘင်လက်ထက်ထဲက အမွေတွေနဲ့တင် ကျွန်တော့မြစ်တွေထိကို စားမကုန်နိုင်ပေါများပါတယ်
အဲတာကြောင့်ပဲ အဘိုးနဲ့အဘွားက အေးအေးဆေးဆေးထွက်သွားကြတာပေါ့ဗျာ ပြီးတော့ သူတို့ကိုလာနှောင့်ယှက်မှားဆိုးလို့တဲ့ အဆက်သွယ်တွေအားလုံးဖြတ်သွားလေရဲ့ ခုထိသူတို့ဘယ်ရောက်နေလဲဘယ်သူမှမသိကြပါဘူး တစ်နှစ်တစ်ခါတော့စာ ဒါမှမဟုတ် Message,Vd Call နဲ့အဆက်သွယ်လုပ်ဖြစ်ပါတယ်
ကျွန်တော်မွေးထဲက ခုထိ အဖေနဲ့အန်တီလေးကသာကျွန်တော်ကိုစောင့်ရှောက်ခဲ့ပြီး အလိုလိုက်ခဲ့ကြတာပါ
ဟုတ်ပါတယ် ကျွန်တော့်မှာ အမေ မရှိဘူး
ဒါပေမဲ့ ကျွန်တော်ဝမ်းမနည်းပါ
ကျွန်တော်ကိုအရမ်းချစ်တဲ့အဖေနဲ့အရမ်းအလိုလိုက်ပေးတဲ့အန်တီလေးရှိနေတာပဲကိုကျွန်တော် သိချင်စိတ်လေးနည်းနည်းနဲ့ အဖေ့ကို မေးဖူးပါတယ် ကျွန်တော့်အမေကဘယ်သူလဲဘယ်မှာလဲလို့ သေသွားတာလားလို့
ဒါပေမဲ့ ကျွန်တော်မေးတိုင်းအဖေက မင်းမှာအမေမရှိဘူးလို့ပဲ သေသွားတယ်လို့လဲ မပြောဘဲနဲ့ ပြောင်ရွှတ်ရွှတ်အပြုံးလေးနဲ့အမြဲပြန်ဖြေခဲ့ပါတယ် အန်တီလေးကို မေးပြန်တော့လဲအန်တီလေးက မကြားချင်ယောင်ဆောင်ပြီး စကားလွှဲပါလေရဲ့